အရသာ၊ အရည်အသွေး မပျက်ဘဲ ၁၅ နှစ်ကြာ အေးခဲထားနိုင်ပြီး ကမ္ဘာ့အရှားပါးဆုံးအမဲသား

2.8.2024-yyl-1.png

ပြင်သစ်နိုင်ငံမှ မွေးမြူရေးခြံတစ်ခြံဟာ ထူးခြားတဲ့အေးခဲနည်းစနစ်ကို အသုံးပြုပြီး ၁၅ နှစ်ကြာ အေးခဲထားနိုင်တဲ့ အမဲသားတွေကို ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ပြင်သစ်နိုင်ငံ၊ စိန့်မိုင်ဟီယယ်ဒေသမှာ နေထိုင်တဲ့ ပိုလ်မတ်မိသားစုဟာ ၁၈၄၆ ခုနှစ်ကတည်းက အမဲသား ရောင်းလာတာဖြစ်ပြီး အလက်ဇန္ဒားပိုလ်မတ်ကတော့ ဆဋ္ဌမမျိုးဆက် ဖြစ်ပါတယ်။

အလက်ဇန္ဒားရဲ့ အဘိုးနဲ့ အဖေဖြစ်သူတို့က ဟိုက်ဘာနေရှင်းလို့ အမည်ပေးထားတဲ့ အေးခဲနည်း စနစ်သစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီးနောက် ၁၉၉၉ ပြည့်နှစ်တွေအတွင်းမှာတော့ သူတို့ရဲ့ အမဲသားက နာမည်ကြီးလာခဲ့ပါတယ်။ သူတို့ဟာ နည်းပညာမြင့် ဓာတ်ခွဲခန်းထဲမှာ အပူချိန် -၄၃ ဒီဂရီစင်တီဂရိတ်အထိ အအေးဓာတ်လွှတ်ထားပြီး အမဲသားထဲကို တစ်နာရီ ကီလိုမီတာ ၁၂၀ နှုန်းနဲ့ လေအေးတွေ ထိုးသွင်းလိုက်တာ ဖြစ်ပါတယ်။ အဲဒီနည်းစနစ်က အမဲသားရဲ့အဆင်း၊ အနံ့၊ အရသာကို မထိခိုက်စေဘဲ ဆယ်စုနှစ် တစ်ခုကြာ သိုလှောင်ထားလို့ ရပါတယ်။

သိုလှောင်ချိန် ကြာလေလေ၊ အသားရဲ့ အရည်အသွေး ပိုကောင်းလေလေ ဖြစ်ပြီး ၁၅ နှစ်ကြာ အေးခဲထားတဲ့ အမဲသား တစ်ကီလိုဂရမ်ကိုတော့ အမေရိကန်ဒေါ်လာ ၃၂၀၀ နှုန်းအထိ ရောင်းချပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အရှားပါးဆုံး အမဲသားလို့ သတ်မှတ်ခံထားရပြီး ကမ္ဘာပေါ်မှ ထိပ်တန်းစားသောက်ဆိုင်တွေမှာပဲ ပိုလ်မတ်မိသားစုရဲ့ အမဲသားကို ချက်ပြုတ်ရောင်းချနိုင်ကြပါတယ်။

ပိုလ်မတ်မိသားစုရဲ့ အမဲသားကို ဝယ်ချင်တဲ့ စားသုံးသူတွေဟာ လနဲ့ချီ ကြိုမှာရလေ့ရှိသလို စားသောက်ဆိုင်တွေက မှာမယ်ဆိုရင်တော့ သူတို့ရဲ့အမဲသားကို သိုလှောင်ထိန်းသိမ်းနိုင်စွမ်း၊ စီမံချက်ပြုတ်နိုင်စွမ်း ရှိ၊ မရှိဆိုတာကို အလက်ဇန္ဒားက ကြိုတင်သွားရောက် လေ့လာပြီးမှ ရောင်းချပေးတယ်လို့ ဆိုပါတယ်။

Ref:The World’s Most Exclusive Meat ‘Hibernates’ for Up to 15 Years
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top