သူတို့နိုင်ငံထဲဝင်ဖို့ ကြိုးစားနေတဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်တွေကို အစ္စရေးစစ်တပ် ပစ်ခတ်တိုက်ခိုက်

28-7-2020-yyl-007.jpg

သူတို့နိုင်ငံထဲ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်တွေကို အစ္စရေးစစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ အစ္စရေးနိုင်ငံက သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မောင့်ဒေါ့ဒေသနယ်စပ်ကို ဟစ်ဇ်ဘိုလာလက်နက်ကိုင် ၄ ယောက်က ဖြတ်သန်းဝင်ရောက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ ထိတွေ့ပစ်ခတ်မှုတွေ မရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က စိုးရိမ်ကြောက်လန့်နေတာလို့ ဆိုခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာလက်နက်ကိုင်တစ်ယောက် သေဆုံးခဲ့ပြီးနောက်ပိုင်းကတည်းက အဲဒီဒေသမှာ တင်းမာမှုတွေ ဖြစ်ပွားနေတာပါ။ ဆီးရီးယားနိုင်ငံမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာလက်နက်ကိုင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ အစ္စရေးနိုင်ငံကတော့ ပြီးခဲ့တဲ့တနင်္လာနေ့အစောပိုင်းက ဆီးရီးယားနိုင်ငံမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို အတည်ပြုခြင်း၊ ငြင်းဆန်ခြင်း မရှိသေးပါဘူး။ အစ္စရေးနိုင်ငံရဲ့ ရန်ဘက် အီရန်နိုင်ငံက လက်နက်တပ်ဆင်ပြီး ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ လက်ဘနွန်နိုင်ငံမှာ လက်ဘနွန်စစ်တပ်နည်းတူ အင်အားကြီးမားတဲ့ လက်နက်ကိုင်အဖွဲ့ပါ။ ၂၀၀၆ ခုနှစ်က အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကြား တစ်လကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်ရပ်ကြောင့် လက်ဘနွန်နိုင်ငံမှာ အရပ်သားအများစုအပါအဝင် ၁၁၉၁ ယောက် သေဆုံးခဲ့ပြီး အစ္စရေးစစ်သည် ၁၂၁ ယောက်၊ အရပ်သား ၄၄ ယောက် သေဆုံးခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top