လျာတွေပါ ထုံသွားစေနိုင်တဲ့ ကမ္ဘာ့အပြင်းဆုံးနဲ့ ဈေးအကြီးဆုံးဘီယာ

7.8.2024-yyl-4.png

ကမ္ဘာ့အပြင်းဆုံးဘီယာအဖြစ် သတ်မှတ်ထားတဲ့ Beithir Fire ဘီယာဟာ alcohol ပါဝင်မှု များလွန်းတဲ့အတွက် လျာကိုပါ ထုံကျင်သွားစေနိုင်ပြီး တစ်ခါသောက်ရင် ၃၅ မီလီလီတာထက် ပိုမသောက်ဖို့ သတိပေးထားပါတယ်။ Alcohol ပမာဏ ၇၅ ရာခိုင်နှုန်းအထိ ပါဝင်တဲ့ စကော့တလန်စတိုင် ဘီယာကို ၂ လကြာ ချက်ထားပြီး စကော့တလန်ဝီစကီနဲ့ ရောစပ် အချဉ်ဖောက်ပါတယ်။ အဲဒီနောက်မှာ အရည်အသွေးကောင်းမွန်စေဖို့အတွက် ၃ ဆင့်တိုင်တိုင် စစ်ထုတ်ဖယ်ရှားပြီးမှ ထုတ်လုပ်ထားတာပါ။

စကော့တလန်ယမကာကုမ္ပဏီ 88Brewery ကနေ ၂၀၂၁ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့တဲ့ Beithir Fire ဟာ alcohol ပါဝင်မှုများလွန်းတာကြောင့် အချိန်တိုအတွင်း နာမည်ရလာခဲ့တာပါ။ ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံး ဘီယာတစ်မျိုးဖြစ်ပေမဲ့ အဆိပ်သင့်တာ၊ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တာကြောင့် သူတို့ဘီယာကို တထိုင်တည်း ၃၅ မီလီမီတာထက် ပိုမသောက်ဖို့ ကုမ္ပဏီဘက်မှ သတိပေးထားပါတယ်။

Beithir Fire ဘီယာဟာ ကမ္ဘာပေါ်မှာ အပြင်းဆုံးဘီယာ ဖြစ်ရုံတင်မကဘဲ ဈေးအကြီးဆုံး ဘီယာအဖြစ်လည်း မှတ်တမ်းဝင်ပြီး ဘီယာတစ်လုံးကို အမေရိကန်ဒေါ်လာ ၅၈ ဒေါ်လာ ကျသင့်မှာပါ။ ကမ္ဘာပေါ်မှာ ဒုတိယအပြင်းဆုံးဘီယာကတော့ Snake Venom လို့ အမည်ပေးထားပြီး အယ်လ်ကိုဟောပါဝင်မှု ၆၇.၅ % ရှိပါတယ်။

Ref: The World’s Strongest Beer Will Make Your Tongue Go Numb
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top