အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကို ဆွေးနွေးပွဲကနေ ဖယ်ရှားပေးဖို့ မြောက်ကိုရီးယားတောင်းဆို

58375459_2336130069751233_4407371937370603520_n.jpg

အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောပြီး လက်လွတ်စပယ်နိုင်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကို နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲတွေကနေ ဖယ်ရှားပေးဖို့ မြောက်ကိုရီးယားနိုင်ငံက တောင်းဆိုခဲ့ပါတယ်။ မိုက်ပွမ်ပီယိုသာ ဆက်ပြီးပါဝင်နေဦးမယ်ဆိုရင် လာမယ့်ဆွေးနွေးပွဲတွေက ကြွက်ကြွက်ဆူသွားနိုင်လောက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ယောက်က ပြောပါတယ်။

မိုက်ပွမ်ပီယိုရဲ့နေရာမှာ ပိုပြီးဂရုတစိုက်ဆောင်ရွက်တတ်သူတစ်ယောက်နဲ့ အစားထိုးပေးဖို့ တောင်းဆိုထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ဗျူဟာမြောက်ပဲ့ထိန်းလက်နက်သစ် စမ်းသပ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက အခုလို ပြောခဲ့တာပါ။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးနောက်ပိုင်း ပထမဆုံးအကြိမ် လက်နက်စမ်းသပ်မှုလုပ်ခဲ့တာပါ။ ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်ဆိုတဲ့ လက်နက်စမ်းသပ်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

မိုက်ပွမ်ပီယိုဟာ ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားနိုင်ငံကို လေးကြိမ်သွားခဲ့ပြီး တစ်ကြိမ်မှာတော့ ကင်ဂျုံအန်နဲ့ တွေ့ဆုံခဲ့သူပါ။ ပြီးခဲ့တဲ့တစ်ပတ်က အမေရိကန်အထက်လွှတ်တော် ဆပ်ကော်မတီကြားနာမှုမှာ ကင်ဂျုံအန်ကို နိုင်ထက်စီးနင်းလုပ်တတ်သူလို့ သတ်မှတ်ရင် သဘောတူလား၊ မတူဘူးလားလို့ မေးမြန်းရာမှာ မိုက်ပွမ်ပီယိုက ”သဘောတူတယ်။ ကျွန်တော် အဲဒီလိုကို ပြောခဲ့သေးတယ်”လို့ ဖြေခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top