ကမ္ဘာ့ကြောက်မက်ဖွယ်အကောင်းဆုံး ကြိုးတံတား

15.8.2024-yyl-2.jpg

တရုတ်နိုင်ငံမှာ ချောက်ကမ်းပါးပေါ် ဖြတ်သန်းတည်ဆောက်ထားတဲ့ ကြိုးတံတားတစ်စင်းကတော့ ကမ္ဘာ့ကြောက်မက်ဖွယ်အကောင်းဆုံး ကြိုးတံတားအဖြစ် သတ်မှတ်ခံထားရပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းမြို့မှာရှိတဲ့ ဒါတုန်းမြစ် ချောက်ကမ်းပါးအပေါ်ဘက် အမြင့်မီတာ ၃၀၀ မှာ ကြိုးတံတား တည်ဆောက်ထားတာဖြစ်ပြီး တံတားကို ကြည့်လိုက်ရုံနဲ့ ဖြတ်သွားဖို့ ကြက်သီးထစရာပါပဲ။

တံတားအရှည်က မီတာ ၂၄၀ ရှိပြီး ချောက်ကမ်းပါးပေါ်မှာ ဖြတ်သန်းရတဲ့ အကွာအဝေးက မီတာ ၁၅၀ ရှိပါတယ်။ တန်ချိန် ၄၅ တန်အထိ ခံနိုင်ဝန်ရှိစေဖို့အတွက် သံမဏိကြိုး ၄ ကြိုးနဲ့ ဆိုင်းထားပြီး တံတားတစ်ဖက်တစ်ချက်မှာတော့ လုံခြုံရေးပိုက်ကွန်တွေ တပ်ဆင်ထားပါတယ်။ ပုံမှန်အတိုင်း ဖြတ်သန်းသွားရရင်တောင် ကြောက်စရာကောင်းနေတဲ့ ဒီတံတားဟာ လေတိုက်နှုန်း ပြင်းတဲ့နေ့တွေဆိုရင် အင်မတန်ထိတ်လန့်ဖွယ်ပါပဲ။

ဒါတုန်မြစ် ချောက်ကမ်းပါးပေါ်ကနေ ဖြတ်သန်းတည်ဆောက်လိုက်တဲ့ ဒီတံတားကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း တစ်ကြောင်းစာအတွက် ခရီးအကွာအဝေး ကီလိုမီတာ ၂၀ လျော့နည်းသွားစေပါတယ်။ ဒါပေမဲ့ ဒီတံတားက ယာယီစီမံကိန်းတစ်ခုသာဖြစ်ပြီး နောက်ပိုင်းကျရင်တော့ ရွှန်းပေါင်တံတားကို အသုံးပြုသွားမှာပါ။ ရွှန်းပေါင်တံတားဟာ ဒါတုန်မြစ်နဲ့ ရှောင်ဟီကွာမြစ်နှစ်စင်းပေါ်ကနေ ဖြတ်သန်းတည်ဆောက်မှာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ပေါင်းမိုး ၂ ထပ်တံတား ဖြစ်လာမယ်လို့ ဆိုပါတယ်။

Ref: Flimsy-Looking Suspension Bridge Is Probably the World’s Scariest
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top