လူ ၈ ယောက်ငှားပြီး စာမေးပွဲ ကိုယ်စားဖြေခိုင်းခဲ့တဲ့ လွှတ်တော်အမတ်ကို တက္ကသိုလ်ကနေ ထုတ်ပယ်

yyl-25-006.jpg

တက္ကသိုလ်မှာ စာမေးပွဲဖြေဆိုခဲ့တဲ့ ကာလတစ်လျောက် လူ ၈ ယောက် ငှားပြီး ကိုယ်စားဖြေခိုင်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်လွှတ်တော်အမတ်ကို တက္ကသိုလ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အာဏာရပါတီ(Awami League) လွှတ်တော်အမတ် နျူဆရက်ဟာ အိုးပင်းတက္ကသိုလ်(Open University)မှာ BA ဘွဲ့ယူဖို့ ပညာသင်ကြားနေသူပါ။ ပြီးခဲ့တဲ့စနေနေ့က သူ့ကိုယ်စား စာမေးပွဲလာဖြေသူတစ်ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပုဂ္ဂလိက ရုပ်သံလိုင်းက ဖော်ထုတ်ခဲ့လို့ ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။

နျူဆရက်ဟာ ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှာ ပါဝင်ခွင့်ရတဲ့ အမျိုးသမီးလွှတ်တော်အမတ်(၅၀)အနက် တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အိုးပင်းတက္ကသိုလ်ရဲ့ BA ဘွဲ့တန်းခွဲဟာ သင်တန်းကာလ ၄ ခုအတွင်း စာမေးပွဲ(၁၃)ကြိမ် ဖြေဆိုရပေမဲ့ နျူဆရက်ကတော့ စာမေးပွဲ တစ်ကြိမ်မျှ လာမဖြေခဲ့ဘူးလို့ ပုဂ္ဂလိကရုပ်သံလိုင်း Nagorik TV က ဖော်ပြပါတယ်။ အဲဒီဖြစ်ရပ်အတွက် နျူဆရက်ရဲ့ ကျောင်းအပ်နှံမှုကို ဖျက်သိမ်းပြီး သူ့ကို အိုးပင်းတက္ကသိုလ်မှာ နောက်တစ်ကြိမ် စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်လိုက်တယ်လို့ ဒုတိယပါမောက္ခချုပ်က ဆိုပါတယ်။

နျူဆရက်၊ သူ့ကိုယ်စား စာမေးပွဲဖြေဆိုသူတွေနဲ့ တက္ကသိုလ်အာဏာပိုင်တချို့ကို ဥပဒေကြောင်းအရ အရေးယူသင့်၊ မယူသင့်ဆိုတာကို တက္ကသိုလ်ကော်မတီက ချင့်ချိန်ဆုံးဖြတ်နေပါတယ်။ နျူဆရက်ရဲ့ ခင်ပွန်းသည်ဟာ ဒါကာမြို့၊ နာဆင်ဒီခရိုင်ဝန်တစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်က သေနတ်ပစ်ခတ်မှုမှာ ကွယ်လွန်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top