ထွက်ရှိပြီး ၁ ရက်အကြာ Steam မှာ ကစားသူအများဆုံးဂိမ်းဖြစ်နေတဲ့ “Black Myth: Wukong” ဗီဒီယိုဂိမ်း

22.8.2024-yyl-1.jpg

တရုတ်ဒဏ္ဍာရီ Journey to the West ကို အခြေခံပြီး မျောက်မင်းစွန်းဝူခုန်းကို မှီငြမ်းထုတ်လုပ်ထားတဲ့ ဗီဒီယိုဂိမ်း “Black Myth: Wukong” ကို ဩဂုတ်လ ၂၀ ရက်နေ့ ထွက်ရှိခဲ့ပါတယ်။ ဒီဂိမ်းဟာ ဂိမ်းပလက်ဖောင်း Steam မှာ စံချိန်ချိုးခဲ့ပြီး Steam ရဲ့သမိုင်းတစ်လျှောက်မှာ ကစားသူအများဆုံးဂိမ်းဖြစ်နေပါတယ်။

ဒီဂိမ်းကို တရုတ်၊ ဟန်ကျိုးမြို့အခြေစိုက် Developer Game Sciene က ဖန်တီးခဲ့တာဖြစ်ပြီး PlayStation 5 နဲ့ Microsoft Windows တွေမှာ ကစားလို့ရနိုင်ပါတယ်။ Game Science က ဒီဂိမ်းအတွက် တရုတ်နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Tencent နဲ့ မိုဘိုင်းဂိမ်းထုတ်ဝေသူ Hero Entertainment အပါအဝင် ရင်းနှီးမြှုပ်နှံသူအများအပြားထံက ကျောထောက်နောက်ခံရရှိထားတာဖြစ်ပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့အထိ Steam မှာ ဒီဂိမ်းကို ကစားသူ ၂.၂ သန်း ရှိနေပါတယ်။ လက်ရှိအချိန်အထိ Steam ပလက်ဖောင်းမှာ Dota 2 နဲ့ Counter-Strike 2 တွေကို ကျော်ပြီး ကစားသူအများဆုံးဂိမ်းဖြစ်နေပါတယ်။ စင်ကာပူနိုင်ငံက Steam ရဲ့ ရောင်းအားအကောင်းဆုံးဂိမ်းစာရင်းမှာလည်း ထိပ်ဆုံးရောက်ရှိနေပါတယ်။

Ref: China’s ‘Black Myth: Wukong’ video game is most played game on Steam 1 day after launch

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top