ကလေးလူနာတွေကို ဂီတနဲ့ ကုသပေးနေတဲ့ သူနာပြုဆရာမ တိတ်တဆိတ်သူရဲကောင်းဆု ဆွတ်ခူး

24.9.2024-yyl-3.jpg

ကလေးငယ်တွေကို ဂီတနဲ့ ဆေးပညာ ပေါင်းစပ်ကုသပေးခဲ့တဲ့ ဗြိတိန်နိုင်ငံမှ သူနာပြုဆရာမဟာ တိတ်တဆိတ်သူရဲကောင်းဆု ဆွတ်ခူးခဲ့ပါတယ်။ သွေးကင်ဆာရောဂါ ခံစားရသူ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ပေးတဲ့ ဆယ်လီစပန်ဆာဟာ ဘာမင်ဂမ်ကလေးဆေးရုံမှာ ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဆယ်လီဟာ Ex Cathedra သံစုံအဖွဲ့ရဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

ဆယ်လီဟာ ဆေးရုံတက်နေရတဲ့ ကလေးငယ်တွေ ပျော်ရွှင်စေဖို့အတွက် လွန်ခဲ့တဲ့ နှစ် ၂၀ ကစပြီး Singing Medicine အစီအစဉ်တစ်ခုကို ဖော်ဆောင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်ကတော့ သီးခြားခွဲထားရတဲ့ ဝေဒနာရှင်တွေ အပါအဝင် ဆေးရုံတက်နေရတဲ့ ကလေးလူနာတိုင်းကို သီချင်းဆိုပြတာပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ လူချင်းတွေ့ဆုံဖို့ မဖြစ်နိုင်လို့ ကလေးငယ်တွေအတွက် တေးသီချင်းဗီဒီယို ထောင်နဲ့ချီ ဖန်တီးပေးခဲ့ပါတယ်။ ဆယ်လီရဲ့ ဦးဆောင်မှုကြောင့် သူတို့အဖွဲ့ဟာ ဘဝတစ်ပါး ကူးပြောင်းလုဆဲဆဲ ဖြစ်နေတဲ့ လူနာတွေကိုတောင် တေးဂီတနဲ့ ပျော်စရာတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကလေးဆေးရုံတွေအပြင် လေဖြန်းခြင်း၊ မှတ်ဉာဏ်ချွတ်ယွင်းခြင်း ဝေဒနာရှင်တွေကိုပါ တေးဂီတနဲ့ ကုသပေးနိုင်အောင်လည်း ဆယ်လီက တိုးချဲ့နိုင်ခဲ့တာပါ။

Ref: Nurse Who Sings To Children Wins Unsung Hero Award
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top