Superman ဇာတ်ကားအသစ်မှာ စူပါမန်းအဖြစ် မပါဝင်ဖြစ်တော့တဲ့ ဟင်နရီ ကာဗေးလ်

15-12-2022-yyl-37.jpg

ဒါရိုက်တာ ဂျိမ်းစ် ဂန်နဲ့ ထုတ်လုပ်သူပီတာ ဆာဖရန်တို့ဟာ “Superman” ရုပ်ရှင်ကားအသစ်ကို ရိုက်ကူးထုတ်လုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီ Superman ဇာတ်ကားအသစ်မှာ ဟင်နရီ ကာဗေးလ်က စူပါမန်းအဖြစ် ပါဝင်မှာမဟုတ်ပါဘူး။ အောက်တိုဘာလက သူဟာ စူပါမန်းဇာတ်ကောင်အဖြစ် ပြန်လာတော့မယ်လို့ ထုတ်ပြောခဲ့ပေမဲ့ အခုတော့ စူပါမန်းအဖြစ် ပြန်လည်ပါဝင်တော့မှာမဟုတ်ဘူးဆိုတာကို ဟင်နရီက သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

“ကျွန်‌တော် ဂျိမ်းစ်ဂန်၊ ပီတာဆာဖရန်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ လူတိုင်းအတွက် ဝမ်းနည်းစရာသတင်းပါပဲ။ အဆုံးမှာတော့ ကျွန်တော် စူပါမန်းအဖြစ် ပြန်လည်ပါဝင်မှာမဟုတ်ပါဘူး။ ပြန်လာပြီလို့ အောက်တိုဘာလက ကြေညာခိုင်းခဲ့ပြီးနောက် ဒီသတင်းကို ထုတ်ပြောရတာ လွယ်ကူတာတော့မဟုတ်ဘူး။ ဒါပေမဲ့ ဘဝက ဒီလိုပါပဲ။ ကျွန်တော် ဒါကို လေးစားပါတယ်။ ဂျိမ်းစ်နဲ့ ပီတာတို့က Universe တစ်ခုကို တည်ဆောက်ရမှာပါ။ သူတို့နဲ့ Universe အသစ်မှာ ပါဝင်မယ့်သူအားလုံးကို ကံကောင်းခြင်းတွေ၊ ပျော်ရွှင်မှုတွေပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ဟင်နရီ ကာဗေးလ်က ကြေညာခဲ့ပါတယ်။

ဒါရိုက်တာ ဂျိမ်းစ် ဂန်ကလည်း ဒီသတင်းနဲ့ သူ ရေးသားနေတဲ့ Superman ဇာတ်ကားနဲ့ပတ်သက်ပြီး အနည်းအကျဉ်းကို ထုတ်ပြောခဲ့ပါတယ်။ ဒီဇာတ်ကားက စူပါမန်းဘဝရဲ့အစောပိုင်းကာလအပေါ် အာရုံစိုက်သွားမှာဖြစ်တဲ့အတွက် စူပါမန်းဇာတ်ကောင်ကို ဟင်နရီ ကာဗေးလ် သရုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Ref: AsiaOne “Henry Cavill not returning as Superman under James Gunn and Peter Safran’s DC Studios”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top