စီနီယာနာမည်ကြီးမင်းသမီး Yaya နဲ့ ချစ်ခန်းကြိုက်ခန်းရိုက်ရတာ အရမ်းစိတ်လှုပ်ရှားရတယ်ဆိုတဲ့ မင်းသား Kao Noppakao

kao.jpg

ထိုင်းမင်းသားချော Kao Noppakao က မကြာခင်ထွက်ရှိမယ့် Beneath the Lies ဇာတ်လမ်းတွဲရိုက်ကွင်းနဲ့ပတ်သက်ပြီး ဖွင့်ဟလာခဲ့ပါတယ်။ သူက နာမည်ကြီးမင်းသမီး Yaya Urassaya နဲ့ နာမည်ကြီးမင်းသား Gulf Kanawut တို့နဲ့အတူ ပါဝင်ထားတာပါ။

သူ့ရဲ့စီနီယာမင်းသမီး Yaya နဲ့ ချစ်ခန်းကြိုက်ခန်းရိုက်ရတာက သူ့အတွက် အတော်လေးစိန်ခေါ်မှုဖြစ်တယ်လို့ ဆိုပါတယ်။ Yaya က သူ့ရဲ့ စီနီယာမင်းသမီး၊ ပရော်ဖက်ရှင်မင်းသမီးဖြစ်တဲ့အပြင် ခံစားချက်အပြည့်နဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် သူဟာ အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ Yaya နဲ့ Yaya ရဲ့ခင်ပွန်းဖြစ်သူ Nadech Kugimiya အပေါ် လေးစားသမှုရှိရမယ်လို့ ခံစားခဲ့ရပါတယ်။ သူ အရမ်းစိတ်လှုပ်ရှားတဲ့အတွက် ချစ်ခန်းကြိုက်ခန်းမရိုက်ခင် Nadech Kugimiya ဆီက ခွင့်တောင်းရမလိုတောင်ဖြစ်ခဲ့ရတယ်လို့ စနောက်ဖြေကြားခဲ့ပါတယ်။

Kao Noppakao က အဆိုတော်မင်းသားဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ Channel 3 ရုပ်သံလိုင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ သူဟာ BL ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Until We Meet Again နဲ့ Lovely Writer: The Series မှာ ပါဝင်ခဲ့ပါတယ်။ BL ဇာတ်လမ်းတွဲမဟုတ်တဲ့ ၂၀၂၄ ခုနှစ်ရဲ့ Duangjai Dhevaprom: Laorchan / Kwanruetai ဇာတ်လမ်းတွဲမှာလည်း အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ Yaya နဲ့ သရုပ်ဆောင်ထားတဲ့ Beneath the Lies ဇာတ်လမ်းတွဲကတော့ အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Ref: Kao Noppakao admits he was extremely nervous filming romantic scenes with his senior actress Yaya Urassaya

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top