မိုးဇက်ရဲ့ ပျောက်ကွယ်နေတဲ့ တေးသွားသစ်တစ်ခု ရှာဖွေတွေ့ရှိ

1.10.2024-yyl-4.jpg

လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က မိုးဇက် ရေးသားခဲ့ပြီး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ တေးသွားတစ်ခုကို ဂျာမနီနိုင်ငံမှ စာကြည့်တိုက်တစ်ခုကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မိုးဇက်ဟာ သူ မကွယ်လွန်ခင် တေးသွားသစ်တစ်ခု ထွက်ရှိလုဆဲဆဲ ဖြစ်နေတာကို သိရှိထားတဲ့ ဂျာမနီနိုင်ငံ လစ်ဇစ်မြူနီစီပယ်စာကြည့်တိုက်မှ မော်ကွန်းတိုက်မှူးတွေက မိုးဇက်ရဲ့တေးဂီတမှတ်တမ်း (Köchel) ကို ပြန်လှန်လေ့လာရင်း သူ့ရဲ့ငယ်ဘဝက Wolfgang Mozart အမည်နဲ့ ရေးသားထားတဲ့ တေးသွားတစ်ခုကို တွေ့ရှိခဲ့တာပါ။

Serenate ex C လို့ အမည်ပေးထားပြီး ၁၂ မိနစ်စာ ရှည်လျားပါတယ်။ မိုးဇက်ဟာ အသက် ၁၉ နှစ်မတိုင်ခင်က Wolfgang Mozart အမည်နဲ့ပဲ တေးဂီတတွေ ရေးဖွဲ့ခဲ့တာဖြစ်ပြီး နောက်ပိုင်းကျမှ အလယ်နာမည်ကို ထည့်သွင်းပြီး Wolfgang Amadeus Mozart အမည်ကို အသုံးပြုခဲ့တာပါ။ အခု တွေ့ရှိခဲ့တဲ့ တေးသွားဟာ စူးရှပြတ်သားတဲ့ အဖွင့်သံစဉ်ကို ထည့်သွင်းထားပြီး လူအများအာရုံစိုက်စရာ ဖြစ်စေမယ့်ပုံစံအရ ရုံပြင်ပမှာ ဖျော်ဖြေဖို့ ရည်ရွယ်ရေးသားထားတာ ဖြစ်မယ်လို့ Classical FM က ကောက်ချက်ချပါတယ်။ မိုးဇက်ဟာ အသက် ၃၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပေမဲ့ မကွယ်လွန်ခင် တေးသွား ၆၀၀ ကျော် ရေးသားခဲ့တဲ့ ဂန္ထဝင်ဂီတပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Ref: Previously Unknown Mozart Song Discovered in German Library After 200 Years
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top