တင်းနစ်ကွင်း (၁၀) ကွင်းထက် ကြီးတဲ့ ပိုလန်နိုင်ငံက နှင်းဝင်္ကပါ

yyl-021-8.jpg

ဥရောပလူမျိုးတော်တော်များများက ပိုလန်နိုင်ငံရဲ့ မြို့ငယ်လေး ဇာကိုပိန်း (Zakopane) ကို ပိုလန်နိုင်ငံရဲ့ နှင်းမြို့တော်အဖြစ် ညွှန်းဆိုထားကြပါတယ်။ အဲဒီမြို့လေးက ဆောင်းရာသီ အားကစားအတွက်ကော အလည်အပတ်ခရီးအနေနဲ့ပါ နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ပြီး ပုံမှန်ဆိုရင် ဒါက နှင်းလျောစီး အပန်းဖြေနေရာတစ်ခုပါ။

ဇာကိုပိန်းက ကမ္ဘာ့အကြီးဆုံး နှင်းဝင်္ကပါတည်ရှိတဲ့ မြို့လေးလည်းဖြစ်ပါတယ်။ ဒီနှင်းဝင်္ကပါကြီးက ဘယ်လောက်ကြီးမားလည်းဆိုရင် တင်းနစ် (၁၀) ကွင်း ထက်တောင်ကြီးပြီး ရေခဲတုံး (၆၀,၀၀၀) ကျော်ကို အသုံးပြုပြီး တစ်ခုချင်းဆက်ပြီး ဖန်တီးခဲ့တာပါ။

ကမ္ဘာ့အကြီးဆုံးနှင်း ဝင်္ကပါဖြစ်ဖို့အတွက် အလုပ်သမား (၅၀) တို့နဲ့ အချိန် (၁) လလောက်ယူပြီး တည်ဆောက်ခဲ့ရပါတယ်။ ဒီဆွဲဆောင်မှုရှိလှတဲ့ ရေခဲဖွဲ့စည်းတည်ဆောက်ပုံမှာ ရတနာပစ္စည်းတွေ၊ နှင်းရုပ်တုတွေရှိတဲ့ အခန်းတွေနဲ့ပြည့်နေတဲ့ (၁၆) မီတာရှိတဲ့ နှင်းရဲတိုက်လည်း ရှိပါတယ်။ ဒီနှင်းဝင်္ကပါက စတုရန်းမီတာ (၂,၅၀၀) ကို ဖြန့်ကျက်ထားတာဖြစ်ပါတယ်။

ညနေခင်းရောက်လာတဲ့အခါ ဝင်္ကပါက အရောင်တွေ ထိန်းလင်းသွားပြီး နတ်သမီးပုံပြင်တွေထဲကလို အဲဒီနေရာပတ်ဝန်းကျင်က တောင်တန်းတစ်ခုလုံးကိုလည်း အရောင်တွေ ထင်ဟပ်သွားစေပါတယ်။
ဝင်္ကပါကြီး လမ်းပျောက်ရင်း၊ ပိုလန်နိုင်ငံနဲ့ ဆလိုဗက်ကီးယားနိုင်ငံက ပညာရှင်တွေပြုလုပ်ခဲ့တဲ့ အမိုက်စားရုပ်တုတွေကို ကြည့်ရင်း ပျော်ရွှင်မှုခံစားခဲ့ရတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကြားမှာ တော်တော်လေးကို နာမည်ကြီးတယ်ဆိုတာ ပြောပြနေစရာတောင် မလိုဘူးထင်ပါတယ်။

ကမ္ဘာ့အကြီးဆုံးနှင်းဝင်္ကပါလို့ သတ်မှတ်ထားတာနဲ့တင် ဘယ်လောက်နာမည်ကြီးလဲဆိုတာ သိသားနေပါပြီ။ ဒီနှင်းဝင်္ကပါကြီးကို ၂၀၂၀ခုနှစ် ဇန်နဝါရီကနေ ထပ်ဖွင့်သွားမှာဖြစ်ပါတယ်။

Ref: This Snow Labyrinth In Poland Looks Like It’s Straight Out Of A Fairytale And It’s Larger Than 10 Tennis Courts

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top