ဗီယက်နမ်အမျိုးသားရဲ့နှစ်ရှည်လများကြာပျောက်ဆုံးသွားတဲ့ညီလေးရှာပုံတော်

7.10.2024-yyl-12.jpg

ဗီယက်နမ်အမျိုးသားတစ်ဦးဟာ နှစ်ရှည်လများကြာ ပျောက်ဆုံးသွားတဲ့ညီဖြစ်သူကို ရှာတွေ့ဖို့ ရည်ရွယ်ချက်နဲ့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အကူအညီကို ရယူနေပါတယ်။ သူ့ညီလေးကို ၁၉၉၄ ခုနှစ်က စင်ကာပူလူမျိုးမိသားစုဟာ မွေးစားလိုက်တာလို့ သိရပါတယ်။

Nguyen Van Quyet အမည်ရတဲ့ အဲ့ဒီအမျိုးသားက Lost and Found Facebook Group မှာ ပျောက်ဆုံးသွားတဲ့ ညီဖြစ်သူ Nguyen Van Tien နဲ့ပတ်သက်တဲ့အချက်အလက်တွေကို မျှဝေခဲ့တာပါ။ သူ့ညီဖြစ်သူက ဗီယက်နမ်နိုင်ငံ၊ Kieu Than Village မှာ ၁၉၈၆ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး သူတို့ရဲ့ဖခင်က Nguyen Van Tang ဖြစ်တယ်။ နောက်ထပ် Van Quang နဲ့ Thi Nguyet ဆိုတ့ မွေးချင်းမောင်နှမရှိပါသေးတယ်။ ပျောက်သွားတဲ့ Nguyen Van Tien က မိသားစုမှာ အငယ်ဆုံးဖြစ်ပါတယ်။

သူတို့ဖခင် စောစောသေဆုံးသွားတော့ သူတို့ရဲ့မိခင်က ညီဖြစ်သူ Tien ကို ဦးလေးနဲ့အဒေါ်တွေနဲ့ ထားခဲ့တာပါ။ အဲ့ဒီနောက်မှာ Tien ကို ၁၉၉၄ ခုနှစ်ဝန်းကျင်လောက်မှာ စင်ကာပူလူမျိုးမိသားစုက မွေးစားလိုက်ပါတယ်။ အဲ့ဒီတုန်းက Tien ရဲ့အသက်က ၉ နှစ်လောက်ပဲရှိပါသေးတယ်။ အစကတော့ Tien က သူတို့ဆီ မကြာခဏ စာနဲ့ ပုံတွေပို့တယ်။ ဒါပေမဲ့ နောက်တော့ Tien နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာ အခုထိပါပဲ။

Nguyen Van Quyet တို့မိသားစုက ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၇ ရက် ရက်စွဲနဲ့ Tien ဆီက လက်ရေးစာနဲ့ မွေးစားမိဘနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံတချို့ကိုသိမ်းထားပါတယ်။ Nguyen Van Quyet က သူတို့ရဲ့ညီအငယ်ဆုံးလေးနဲ့ သူတို့မိသားစု မကြာခင်ပြန်တွေ့နိုင်အောင် လူမှုကွန်ယက်အဖွဲ့အစည်းကို ညီဖြစ်သူရဲ့အချက်အလက်တွေမျှဝေပေးဖို့ မျှော်လင့်နေပါတယ်။

Ref: Vietnam man looking for long-lost little brother adopted by S’porean family in 1994

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top