ATOM STAR Loyalty အဖွဲ့ဝင်များ၏ နေ့စဉ် အကျိုးခံစားခွင့်တန်ဖိုးများကို ပိုမို ကောင်းမွန်တိုးတက်စေရန် အက်တမ်(ATOM) နှင့် Super Seven Stars International Trading တို့ လက်တွဲပူးပေါင်း

atom5.webp
  • ATOM STAR အဖွဲ့ဝင်များအ နေနှင့် Loyalty Points များကို အသုံးပြု၍ သတ်မှတ်ထားသော Easy Mart၊ Easy Supermarket၊ MAXI Wholesale ဆိုင်ခွဲများ နှင့် Food Gallery စား သောက်ဆိုင်များတွင် ၁၀% လျှော့စျေး ရယူနိုင်။   
  • အဖွဲ့ဝင်များသည် ငွေကျပ် ၂၀,၀၀၀ နှင့် အထက် ဝယ်ယူမှုများအတွက် ၁၀% လျှော့စျေးကို ခံစားနိုင်မည်ဖြစ်ပြီး၊ တစ်ကြိမ်လျှင် အများဆုံး လျှော့စျေး ငွေကျပ် ၂,၀၀၀ အထိရရှိနိုင်။ 
  • အဆိုပါပူးပေါင်းဆောင်ရွက်မှုအသစ်သည် ATOM STAR အဖွဲ့ဝင်များအတွက် အကျိုးခံစားခွင့် အစီအစဉ်ကို တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုများထက် ကျော်လွန်၍ တိုးချဲ့ပေးအပ်ခြင်းဖြစ်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် ATOM STAR Loyalty အစီအစဉ်ကို နေ့စဉ်ဈေးဝယ်မှု ကဏ္ဍအထိ တိုးချဲ့နိုင်ရန် Super Seven Stars International Trading နှင့် မဟာဗျူဟာမြောက် လက်တွဲပူးပေါင်း လိုက်ကြောင်း ကြေညာခဲ့သည်။ သုံးစွဲသူများအား ဦးစားပေးသည့် အတွေးအမြင်ကို အခြေခံထားသည့် ယခု ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်အဆင်ပြေသည့် နေ့စဉ် ရွေးချယ်မှုများကို ဖန်တီးပေးသွားမည်ဖြစ်သည့်အပြင် လုပ်ငန်းနယ်ပယ်၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ နှင့် လူထုအသိုင်းအဝိုင်း တစ်ရပ်လုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်လည်း ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်သည်။

အဆိုပါ လက်တွဲပူးပေါင်းမှုသည် ATOM STAR အကျိုးခံစားခွင့်များကို တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများထက် ကျော်လွန်၍ နေ့စဉ် ဈေးဝယ်မှု အတွေ့အကြုံများအထိ တိုးချဲ့ပေးလိုက်ခြင်းဖြစ်ကာ အဖွဲ့ဝင်များအနေဖြင့် စုဆောင်းရရှိထားသော STAR Points များမှတစ်ဆင့် လက်တွေ့အကျိုးကျေးဇူးများကို ပိုမိုရရှိခံစားနိုင်မည် ဖြစ်သည်။ အဖွဲ့ဝင်များသည် သတ်မှတ်ထားသော Super Seven Stars လက်လီအရောင်း  ဆိုင်ခွဲများမှတစ်ဆင့် အစီအစဉ်တွင် အကျုံးဝင်သော ဝယ်ယူမှုများအတွက် အထူးသီးသန့် လျှော့စျေးများကို ရရှိနိုင်မည်ဖြစ်ရာ ယခု Loyalty အစီအစဉ်သည် နေ့စဉ် စျေးဝယ်မှု လိုအပ်ချက်များနှင့် ပိုမို ကိုက်ညီ ထိရောက်လာမည် ဖြစ်သည်။

“အက်တမ်(ATOM) အနေနဲ့ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ‘Beyond Better’ အတွေ့အကြုံကောင်းတွေကို ပေးအပ်နိုင်ဖို့အတွက် စဉ်ဆက်မပြတ် အဆင့်မြှင့်တင်လုပ်ဆောင်သွားဖို့ဆိုတဲ့ ကတိကဝတ်နဲ့အညီ ဆောင်ရွက် နေပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ “အခုလို Super Seven Stars နဲ့ လက်တွဲပူးပေါင်းလိုက်တာကြောင့် ATOM STAR အဖွဲ့ဝင်တွေအနေနဲ့ သူတို့ စုဆောင်းထားတဲ့ STAR Points တွေကနေ ခိုင်မာပြီး လက်တွေ့ကျတဲ့ နေ့စဉ် တန်ဖိုးတွေကို ပိုမို ရရှိခံစားနိုင်တော့မှာပါ။ ကျွန်တော်တို့ရဲ့ Loyalty အစီအစဉ်ကို တယ်လီကွန်း ဆက်သွယ် ရေး ဝန်ဆောင်မှုတွေ အပြင် အခြားကဏ္ဍများအထိ ပိုမိုချဲ့ထွင်လုပ်ဆောင်ပေးခြင်းအားဖြင့် သုံးစွဲသူတွေရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ကျွန်တော်တို့ လုပ်ဆောင်ချက်တိုင်းရဲ့ အဓိက ဗဟိုချက်အဖြစ် အမြဲတမ်း ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

ATOM STAR အဖွဲ့ဝင်များသည် ATOM Store App တွင် ATOM STAR ပွိုင့် (၁၀) ပွိုင့်ကို အသုံးပြု၍ လျှော့စျေးကုဒ် (Discount Code) ရယူကာ Easy Mart ၊ Easy Supermarket ၊ MAXI Wholesale ဆိုင်ခွဲများ နှင့် Food Gallery စား သောက်ဆိုင်များအပါအဝင် သတ်မှတ်ထား သော Super Seven Stars International ၏ ဆိုင်ခွဲများရှိ ငွေရှင်းကောင်တာတွင် ပြသ၍ သတ်မှတ်ပစ္စည်းများ ဝယ်ယူ၊ ငွေပေးချေမှုအပေါ် ၁၀% လျှော့စျေး ခံစားခွင့် ရရှိသွားမည် ဖြစ်သည်။ အဆိုပါ ပရိုမိုးရှင်းသည် ငွေကျပ် ၂၀,၀၀၀ နှင့် အထက် ဝယ်ယူမှုများတွင် အကျုံးဝင်မည် ဖြစ်ပြီး တစ်ကြိမ် ဝယ်ယူလျှင် အများဆုံး လျှော့စျေး ငွေကျပ် ၂,၀၀၀ အထိ သက်သာခွင့် ရရှိမည် ဖြစ်သည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အကျုံးဝင်သုံးစွဲသူများသည် ပရိုမိုးရှင်းကာလအတွင်း သတ်မှတ်ထားသော အထူးလျှော့စျေးများကို ရရှိခံစားနိုင်မည်ဖြစ်ပြီး စည်းကမ်းနှင့် သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်များ ရရှိမည် ဖြစ်သည်။ ယခု ပရိုမိုးရှင်းကို တရားဝင် စတင်သည့်နေ့မှစ၍ အနည်းဆုံး တစ်နှစ်တိုင်တိုင် ATOM STAR အဖွဲ့ဝင်များအတွက် လစဉ် ပေးအပ်သွားမည် ဖြစ်သည်။

“အက်တမ်(ATOM) နဲ့ ပူးပေါင်းပြီး ကျွန်မတို့ရဲ့ ဆိုင်ခွဲတွေမှာ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးခံစားခွင့်တန်ဖိုးတွေနဲ့ အဆင်ပြေလွယ်ကူမှုတွေကို ပေးအပ်သွားနိုင်တော့မှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကနေ ATOM STAR အဖွဲ့ဝင်တွေကို  ဒီလို benefits တွေကိုရယူကြဖို့ ဖိတ်ခေါ်လိုပြီး သတ်မှတ်ထားတဲ့ ဆိုင်ခွဲတွေမှာ စျေးဝယ်ယူတဲ့အခါတိုင်း အထူးသီးသန့် အခွင့်အရေးတွေကို ပေးအပ်သွားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ကျွန်မတို့အနေနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုကို ပိုမို ခိုင်မာအောင် လုပ်ဆောင်သွားမှာဖြစ်သလို သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ တန်ဖိုးတွေကို ဖန်တီးပေးနိုင်မယ့် အခွင့်အလမ်းသစ်တွေကိုလည်း ဆက်လက် ရှာဖွေဖော်ထုတ်သွားမှာ ဖြစ်ပါတယ်” ဟု Super Seven Stars International Trading ၏ အမှုဆောင်အရာရှိချုပ် ဒေါ်စုစန္ဒီဝင်း က ပြောကြားခဲ့သည်။

အဆိုပါ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းလုပ်ဆောင်မှုသည် အက်တမ်(ATOM) ၏ ပိုမို ကောင်းမွန်သော  ‘Beyond Better’ ဆီသို့ လျှောက်လှမ်းနေသည့်ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံ၏ အကျိုးခံစားခွင့် အများဆုံး Loyalty အစီအစဉ်ကို ဖန်တီးတည်ဆောက်ရေး ကြိုးပမ်းမှုတွင် နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ATOM STAR အဖွဲ့ဝင်များသည် အင်တာနက်ဒေတာ၊ ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှု (SMS) ကဲ့သို့သော ပုံမှန် တယ်လီကွန်း ဆက်သွယ် ရေး ဆိုင်ရာ ဆုလက်ဆောင်အခွင့်အရေးများအပြင် စားသောက်ကုန်၊ အီလက်ထရောနစ်၊ လူနေမှုဘဝ၊ အလှအပ၊ ဖက်ရှင်၊ ခရီးသွား၊ ကျန်းမာရေး၊ မိသားစုသုံးပစ္စည်းများ ပါဝင်သည့် တိုးချဲ့ မိတ်ဖက် ကွန်ရက်များတွင် STAR Points များကို အထူးအခွင့်အ ရေးများနှင့် လွယ်ကူချောမွေ့စွာ လဲလှယ် အသုံးပြုနိုင်မည် ဖြစ်သည်။ ဤကဲ့သို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၊ အရည်အသွေးမြင့် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အက်တမ်(ATOM) သည် သုံးစွဲသူများနှင့် ဆက်ဆံရေးကို ပိုမို အားကောင်းစေရန်၊ သစ္စာရှိမှုကို ခိုင်မာစေရန်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများထံ ပိုမို အဓိပ္ပာယ် ပြည့်ဝသော အကျိုးခံစားခွင့်များ ကျေးဇူးတုံ့ပြန်ပေးအပ်သွား ဆက်လက်လုပ်ဆောင်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top