ကိုယ့်ဘဝကိုယ် ကျေနပ်ပျော်ရွှင်သူတွေက နှလုံးရောဂါနဲ့ လေဖြန်းနိုင်ခြေ နည်းပါး

7.10.2024-yyl-25.jpg

ကိုယ့်ဘဝကိုယ် ကျေနပ်ပျော်ရွှင်သူတွေဟာ နှလုံးရောဂါနဲ့ ‌လေဖြန်းတာမျိုး ကြုံရနိုင်ခြေနည်းတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဗြိတိန်နိုင်ငံမှာ ပျမ်းမျှအားဖြင့် အသက် ၅၇ နှစ်ဝန်းကျင်ရှိသူ ၁၂၀၀၀၀ ကျော်ရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို စစ်တမ်းကောက်ရာမှာ အခုလို တွေ့ရှိခဲ့တာပါ။

ကိုယ့်ဘဝကိုယ် ကျေနပ်ပျော်ရွှင်နေသူတွေဟာ ကိုယ်လက်လှုပ်ရှားမှုနဲ့ လူမှုရေးလှုပ်ရှားမှုတွေ ပုံမှန်ရှိပြီး စိတ်ဖိစီးမှု လျှော့ချနိုင်မယ့် နည်းလမ်း (ဥပမာ ဝိုင်းဖွဲ့စကားပြောတာမျိုး၊ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေမှာ ပါဝင်တာမျိုး)တွေလည်း ရှိမယ်လို့ သုတေသီတွေက ယူဆကြပါတယ်။

ကိုယ့်ဘဝကိုယ် ကျေနပ်ပျော်ရွှင်နေသူတွေဟာ ကိုယ့်ဘဝကိုယ် အလိုမကျဖြစ်နေသူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သွေးကြောဆိုင်ရာ ရောဂါတွေ၊ နှလုံးဖောက်မှု၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုနည်းတာတွေ့ရတယ်လို့ အမေရိကန်ကျန်းမာရေးအဖွဲ့စာစောင်မှာ ဖော်ပြထားပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ဖြစ်နိုင်ခြေ ၄၄ ရာခိုင်နှုန်း၊ လေဖြန်းနိုင်ခြေ ၄၅ ရာခိုင်နှုန်း၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၁ ရာခိုင်နှုန်း၊ နှလုံးဖောက်နိုင်ခြေ ၅၆ ရာခိုင်နှုန်း ပိုနည်းတယ်လို့ ဆိုပါတယ်။

” ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ နှလုံးရောဂါနဲ့ လေဖြန်းခြင်းကို ကာကွယ်ဖို့အတွက် လူတစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ စိတ်ပျော်ရွှင်မှုက အဓိကကျတယ်ဆိုတာကို အခုတွေ့ရှိမှုက သက်သေခံနေပါတယ်”လို့ တရုတ်နိုင်ငံ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ ပါမောက္ခ ဝမ်ဆန်းက ဆိုပါတယ်။

ကိုယ့်ဘဝကို ကျေနပ်ပျော်ရွှင်မှုဟာ စိတ်ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေတယ်ဆိုတာကို ယခင်သုတေသနတွေမှာကတည်းက တွေ့ရှိခဲ့ပြီးသား ဖြစ်ပါတယ်။

Ref: People Happy with Their Lives Are Less Likely to Suffer Heart Attack or Stroke
NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top