သွေးချောင်းအစီးဆုံး ဘာသာရေးပွဲတော် ကျင်းပ

yyl-005-3.jpg

တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက အပြင်းအထန် ကန့်ကွက်နေပေမဲ့ ကမ္ဘာပေါ်မှာ သွေးချောင်းအစီးဆုံး ဘာသာရေးပွဲတော်ဖြစ်တဲ့ ဂဟီမိုင်ပွဲတော်(ကာလီမယ်တော်ကို ပူဇော်ပွဲ)ကို ကျင်းပခဲ့ပါတယ်။ ၅ နှစ် တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ ဂဟီမိုင်ဘာသာရေးပွဲတော်ကို နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမြို့တောင်ဘက် မိုင် ၁၀၀ အကွာမှာရှိတဲ့ ဘာရီယာပူရ်မြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀ ကတည်းက ကျင်းပလာခဲ့တာပါ။

တိရစ္ဆာန်တွေကို ယဇ်ပူဇော်ရင် ကာလီမယ်တော် ကျေနပ်ပြီး သူတို့အတွက် ကံကောင်းစေလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ဘာသာရေးပွဲတော်ကို လူသိန်းချီ လာရောက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဂဟီမိုင်ပွဲတော် ကျင်းပခဲ့တုန်းက ဆိတ်၊ ကျွဲ၊ ခိုနဲ့ တခြားတိရစ္ဆာန်စုစုပေါင်း ၅၀၀,၀၀၀ ကို သတ်ခဲ့ကြတယ်လို့ Humane Society International အဖွဲ့က ပြောပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ယဇ်ပူဇော်ခံရတဲ့ တိရစ္ဆာန်အကောင်ရေ ၃၀,၀၀၀ အထိ ကျဆင်းသွားခဲ့ပါတယ်။ တိရစ္ဆာန်ယဇ်ပူဇော်မှုတွေ လုပ်တော့မှာမဟုတ်ဘူးလို့ ၂၀၁၅ ခုနှစ်မှာ ဂဟီမိုင်ပွဲတော် ကျင်းပတဲ့ ကာလီမယ်တော်ဘုရားကျောင်းအဖွဲ့က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ နီပေါနိုင်ငံ အထက်တရားရုံးချုပ်က တိရစ္ဆာန်ယဇ်ပူဇော်ပွဲကို အဆုံးသတ်ပြီး တရားမဝင်ကြောင်း သတ်မှတ်တဲ့ ဥပဒေ အတည်ပြုဖို့ အစိုးရကို ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်မှာလည်း ဂဟီမိုင်ပွဲတော်ကို ရပ်နားခဲ့ခြင်းမရှိဘဲ ဆက်လက်ကျင်းပခဲ့ပါတယ်။ အခုနှစ်မှာ တိရစ္ဆာန်အကောင်ရေဘယ်လောက် ယဇ်ပူဇော်ခံရလဲဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top