ဂါဇာကမ်းမြှောင်က အသန်မာဆုံးလူငယ်

st1.gif

ဂါဇာကမ်းမြှောင်ဒေသက လူငယ်တစ်ဦးဟာ (၁၅) တန်လေးတဲ့ကားကို ရင်ဘတ်မှာကြိုးချည်ပြီး ဆွဲပြနိုင်သလို သွားနဲ့လည်း ဆွဲပြနိုင်တဲ့အတွက် ခေတ်သစ်လူသန်ကြီးဆမ်ဆွန်လို့ နာမည်ကျော်ကြားနေပါတယ်။

ဆမ်ဆွန်ဆိုတာ သမ္မာကျမ်းစာအရ နတ်ဘုရားက သဘာဝလွန်စွမ်းအားတွေပေးထားတဲ့လူသန်ကြီးပါ။ ဘာကာရာလို့အမည်ရတဲ့ဂါဇာက အသက် (၂၀) အရွယ် လူငယ်ဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သူ့မွေးရပ်မြေဒိုင်ယာဘာလက်မှာ သူ့ရဲ့သန်စွမ်းမှုကို လှည့်လည်ပြသခဲ့ပါတယ်။

ဘာကာရာဟာ (၁၅) တန်လေးတဲ့ကားကို ရင်ဘတ်မှာကြိုးသိုင်းပြီး ဆွဲပြနိုင်သလို သွားနဲ့လည်းဆွဲပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြေပြင်ပေါ်မှ ပက်လက်လန်အိပ်ပြီး ပရိသတ်ထဲက တစ်ယောက်ကို သူ့ဗိုက်ပေါ်တစ်မီတာအမြင့်ကနေ ဓားဦးစိုက်ပြီး ပစ်ချခိုင်းတဲ့ပြကွက်မျိုးလည်း ပြသခဲ့ပါတယ်။ ဒါ့အပြင် သူ့သူငယ်ချင်းတွေက သူ့ရင်ဘတ်ပေါ်အုတ်ခဲတင်ပြီး တူနဲ့ထုပြတာမျိုးလည်းလုပ်ဖူးပါတယ်။ ဘာကာရာက သူ့ရဲ့သန်စွမ်းမှုဟာ ကြွက်သားတွေ၊ လေ့ကျင့်မှုတွေနဲ့ မသက်ဆိုင်ဘဲ သူ့ကိုယ်ထဲကစွမ်းအားကြောင့်လို့ ပြောပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top