သစ်သားလက်ဆေးကိရိယာ တီထွင်ခဲ့တဲ့ ကိုးနှစ်သားကို ကင်ညာသမ္မတ ဂုဏ်ပြုဆုချီးမြှင့်

intl5602.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရာမှာ တစ်တပ်တစ်အား ပါဝင်ကူညီတဲ့အနေနဲ့ သစ်သားလက်ဆေးကိရိယာ တီထွင်ခဲ့တဲ့ ကိုးနှစ်အရွယ် ကင်ညာကလေးငယ်ကို ကင်ညာသမ္မတက ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။ ” ကျွန်တော် လုပ်ထားတဲ့ ကိရိယာနှစ်ခုရှိပြီ။ နောက်ထပ် ထပ်လုပ်ချင်သေးတယ်။ ဆုရလို့ အရမ်းပျော်ပါတယ်”လို့ ဝါမူကိုတာက ပြောပါတယ်။

ဝါမူကိုတာ တီထွင်ထားတဲ့ သစ်သားလက်ဆေးကိရိယာဟာ လက်နဲ့ထိစရာမလိုဘဲ ခြေနင်းကို နင်းလိုက်ရုံဖြင့် ရေလောင်းပေးနိုင်တဲ့အတွက် ရောဂါကူးစက်မှု လျှော့ချနိုင်မှာပါ။ ဝါမူကိုတာဟာ ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်ရမယ့် နည်းလမ်းတွေကို ရုပ်မြင်သံကြားကနေ ကြည့်ခဲ့ရပြီးနောက် လက်ဆေးကိရိယာ တီထွင်ဖို့ အကြံရခဲ့တာဖြစ်ပါတယ်။ ကင်ညာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂၀၀၀ ကျော်ရှိနေပြီး လူ ၆၉ ယောက် သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဝါမူကိုတာတို့ မိသားစု နေထိုင်တဲ့ ကင်ညာနိုင်ငံ အနောက်ပိုင်း မူကွာရွာမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရသေးပါဘူး။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top