TrueMoney Myanmar က ဘဏ်ဝန်ဆောင်မှုများ ရရှိနိုင်ရန် ခက်ခဲသည့် လူမှုအသိုက်အဝန်းများကို ငွေ‌ကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ခဲ့သည်မှာ (၁၀) နှစ်တာကာလ ပြည့်မြောက်ခဲ့ပြီ

8.10.2024-yyl-2.jpg

ထိပ်တန်းငွေကြေးဆိုင်ရာဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် အစရှိသော အရှေ့တောင် အာရှနိုင်ငံများတွင်ပါ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည့် TrueMoney သည် မြန်မာနိုင်ငံတွင် ၎င်း၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပလိုက်ပြီဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော TrueMoney Myanmar သည် ဘဏ်အသုံးပြုရန် ခက်ခဲသည့် လူမှုအသိုက်အဝန်းများကို ယုံကြည်စိတ်ချရပြီး လူတိုင်းလက်လှမ်းမီနိုင်သည့် ဆန်းသစ်သော ဒစ်ဂျစ်တယ် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ TrueMoney Myanmar သည် တစ်နိုင်ငံလုံးတွင် ကွန်ရက် ကိုယ်စားလှယ်ပေါင်း ၂၄,၀၀၀ ကျော်နှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် အရေးကြီးသော ငွေကြေးဝန်ဆောင်မှုများပေးနိုင်ရန် တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ၈၄ ရာခိုင်နှုန်း အထူးသဖြင့် ဘဏ်ဝန်ဆောင်မှုများ ရရှိရန်ခက်ခဲသော ဒေသများကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။

ဆယ်စုနှစ်တစ်ခုတာ ဝန်ဆောင်မှုပေးခဲ့မှုကို ဂုဏ်ယူဝမ်းမြောက်ခြင်းနှင့်အတူ TrueMoney Myanmar သည် ၎င်း၏ တိုးတက်မှု၊ ကြံ့ကြံ့ခံနိုင်မှုနှင့် လူမှုအသိုက်အဝန်းအပေါ် အကျိုးပြုမှု ခရီးစဉ်ကို ပိုမိုကောင်းမွန်အောင် ပြန်လည် သုံးသပ်လျက်ရှိသည်။ နိုင်ငံတစ်ဝန်းရှိ ကိုယ်စားလှယ်ကွန်ရက်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှု ဖြင့် TrueMoney သည် မြန်မာ့ဘဏ္ဍာရေးအခန်းကဏ္ဍကို ပြောင်းလဲစေခဲ့ပြီး သမားရိုးကျ ဘဏ်လုပ်ငန်းစနစ်ရှိ အခက်အခဲများကြောင့် တစ်ချိန်က လက်လှမ်းမမီခဲ့သည့် မရှိမဖြစ် ငွေကြေးဝန်ဆောင်မှုများကို သန်းပေါင်းများစွာသော လူများကို အသုံးပြုခွင့်ရစေခဲ့သည်။

ဆယ်စုနှစ်တစ်ခုရှိခဲ့ပြီဖြစ်သော အောင်မြင်မှုနှင့် ဆန်းသစ်တီထွင်မှု

TrueMoney သည် စတင်တည်ထောင်ချိန်မှစ၍ မြို့ပြနှင့် ကျေးလက်ဒေသ အသိုက်အဝန်းအတွက် လုံခြုံစိတ်ချရပြီး လူတိုင်းလက်လှမ်းမီနိုင်သော ငွေကြေးဝန်ဆောင်မှုများကို ပေးဆောင်ရာတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ဆန်းသစ်သော ငွေလွှဲဝန်ဆောင်မှုများမှတစ်ဆင့် TrueMoney သည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ငွေကြေးစီမံခန့်ခွဲမှုကို ဆန်းသစ်ပြောင်းလဲစေခဲ့သည်။ TrueMoney သည် ဘဏ်ဝန်ဆောင်မှု ရရှိရန်ခက်ခဲသော လူမှုအသိုက်အဝန်းများသို့ ဝန်ဆောင်မှု‌ပေးနိုင်ရန် အဓိကထားကာ သုံးစွဲသူ ၁၂.၇ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး လူတိုင်းလက်လှမ်းမီ၍ မျှတ သက်သာသော ငွေကြေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။

လွန်ခဲ့သော ဆယ်စုနှစ်ကာလအတွင်း TrueMoney Myanmar သည် လူတိုင်းလက်လှမ်းမီသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်မှုနှင့် ပတ်သက်၍ ၎င်း၏ ကတိကဝတ်ကို မီးမောင်းထိုးပြသည့် အောင်မြင်မှုမှတ်တိုင်များစွာကို ရရှိခဲ့သည်။ ယခုအခါ ကုမ္ပဏီသည် နိုင်ငံ၏ ၈၄ ရာခိုင်နှုန်းကို လွှမ်းခြုံထားကာ ခိုင်မာစွာ ရပ်တည်လျက်ရှိပြီး သုံးစွဲသူ ၉ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ TrueMoney Myanmar ၏ ကိုယ်စားလှယ်ပေါင်း ၂၄,၀၀၀ ကျော်ရှိသော ကွန်ရက်သည် ဝေးလံခေါင်သီသောဒေသများတွင်ပင် အရေးကြီးသော ငွေကြေးဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်စေခဲ့သည်။ ထို့အပြင် TrueMoney သည် ၎င်း၏ ဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ ပေးအပ်နိုင်ရန်အတွက် မိတ်ဖက်လုပ်ငန်းပေါင်း ၇၆ ခုနှင့် ပူးပေါင်းခဲ့ပြီးဖြစ်သည်။ နိုင်ငံတကာ ငွေလွှဲပေးပို့မှုများတွင် TrueMoney သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မရှိမဖြစ်လိုအပ်သော အရင်းအမြစ်တစ်ခုဖြစ်လာပြီး အဆိုပါ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံသို့ ငွေလွှဲခ အခမဲ့ဖြင့် ချောမွေ့စွာ ပြန်လည်ပေးပို့နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၄ ခုနှစ် တစ်နှစ်တည်း တွင် အဆိုပါ ငွေလွှဲပြောင်းမှုများသည် စုစုပေါင်း ကျပ်ငွေ ၁၀၇ ဘီလီယံ အထိရှိခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ငွေကြေး လိုအပ်ချက်များကို ပံ့ပိုးပေးရာတွင် ကုမ္ပဏီ၏ အရေးပါသော အခန်းကဏ္ဍကို ပေါ်လွင်စေခဲ့သည်။

ပိုမိုတောက်ပသောအနာဂတ်အတွက် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ

TrueMoney နှင့် Myanma Apex Bank (MAB) တို့၏ ရေရှည်ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာတစ်နိုင်ငံလုံးတွင် လူတိုင်းလက်လှမ်းမီသော ငွေကြေးဝန်ဆောင်မှုများပေးအပ်နိုင်ရန် ဆောင်ရွက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းတို့သည် ဘဏ်ဝန်ဆောင်မှု မရရှိသော ပြည်သူလူထုများကို လုံခြုံစိတ်ချရသည့် ငွေကြေးဝန်ဆောင်မှုများ ကို အသုံးပြုနိုင်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သမားရိုးကျ ဘဏ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးတို့အကြား ကွာဟချက်ကို ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

သုံးစွဲသူများနှင့် ကိုယ်စားလှယ်များအတွက် ကတိကဝတ်

TrueMoney ၏ သုံးစွဲသူများနှင့် ကိုယ်စားလှယ်များအတွက် ကတိကဝတ်သည် ခိုင်မာလျက်ရှိပြီး ပြီးခဲ့သော နှစ်များ အတွင်း ကုမ္ပဏီသည် ၎င်း၏ ကိုယ်စားလှယ်ကွန်ရက်ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ဆက်လက်တိုးချဲ့ခဲ့ပြီး ဝေးလံသော ဒေသများတွင်ပင် ငွေကြေးဝန်ဆောင်မှုများကို ရရှိနိုင်စေခဲ့သည်။ ထို့အတူ TrueMoney Myanmar သည် ကိုယ်စားလှယ် များနှင့် အသုံးပြုသူများကို ဒစ်ဂျစ်တယ်စီးပွားရေးတွင် ရှင်သန်ကြီးထွားရန်အတွက် လိုအပ်သော ကိရိယာများနှင့် အထောက်အပံ့များကို ပေးအပ်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်သည်။

TrueMoney ၏ အနာဂတ်မျှော်မှန်းချက်

TrueMoney သည် ၎င်း၏ ဒုတိယမြောက် ဆယ်စုနှစ်သို့ ဝင်ရောက်လာသည်နှင့်အမျှ မြန်မာ့ငွေကြေးဆိုင်ရာ နည်းပညာ နယ်ပယ်တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ဆက်လက်ဦးဆောင်ရန်အတွက် ကတိကဝတ်ပြုထားသည်။ TrueMoney သည် ဆန်းသစ်တီထွင်မှုအပေါ် အထူးအာရုံစိုက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများနှင့် ဘဏ်ဝန်ဆောင်မှု မရရှိ သောဒေသများတွင် ငွေကြေးဝန်ဆောင်မှုများတိုးချဲ့ပေးရန်နှင့် အသုံးပြုသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအသစ်များကို မိတ်ဆက်သွားရန်လည်း စီစဉ်လျက်ရှိသည်။

“ကျွန်မတို့ရဲ့ ရည်မှန်းချက်ဟာ အသုံးပြုသူဦးစားပေး ချဉ်းကပ်မှုနဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးဆိုင်ရာနည်းပညာနယ်ပယ်မှာ ဆက်လက် ဦးဆောင်နိုင်ဖို့ဖြစ်ပါတယ်။ အခွင့်အလမ်းသစ်တွေကို စူးစမ်းရှာဖွေဖို့၊ နည်းပညာမှာ ရင်းနှီးမြုပ်နှံဖို့နဲ့ လူတိုင်း လက်လှမ်းမီတဲ့ ငွေကြေးဝန်ဆောင်မှုအနာဂတ်ကို ဖန်တီးနိုင်ဖို့ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်သွား ဖို့အတွက် ကျွန်မတို့ စိတ်လှုပ်ရှားနေပါတယ်” ဟု TrueMoney ၏ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံဆိုင်ရာ CEO ဖြစ်သူ Frandara Khuon က ပြောကြားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top