လူအများ၏ အသက်ကိုကယ်ဆယ်နိုင်ရေးအတွက် MPT ဝန်ထမ်းများနှင့် စေတနာ သွေးလှူရှင်များက (၁၄) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်းကို ဆောင်ရွက်

26.10.2024-yyl-6.jpg

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ ပါဝင်သော (၁၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် အသီးသီး အောင်မြင်စွာ ကျင်းပ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုတွင် စေတနာသွေးလှူရှင် စုစုပေါင်း (၂၁၀) ဦးပါဝင်လှူဒါန်းခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများရှိ အရေးပေါ် သွေးလိုအပ်ချက် ရှိသူများအတွက် အထောက်အပံ့ပြုလှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ယခုလို စုပေါင်းသွေးလှူဒါန်းမှုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ MPT သည် များစွာသော သွေးလှူဒါန်းခြင်းလှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ခဲ့ပြီး စေတနာသွေးလှူရှင်ပေါင်း (၈,၆၀၀) ကျော်က သွေးအိတ်ပေါင်း (၈,၀၀၀) ကျော်ကို လှူဒါန်းနိုင်ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုများသည် နိုင်ငံအနှံ့ အရေးပေါ် သွေးသွင်းကုသမှု လိုအပ်နေသော လူနာများ၏ သွေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က (၁၄) ကြိမ်မြောက် သွေးလှူဒါန်းမှုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ကာ “အခုလို တန်ဖိုးမဖြတ်နိုင်တဲ့ သွေးလှူဒါန်းမှုက မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ လူနာတွေရဲ့ ဘဝတွေအတွက် သိသာတဲ့ ဆောင်ရွက်ချက် တစ်ခုဖြစ်တယ်ဆိုတာ ဆက်လက်ပြသနေပါတယ်။ ကျွန်တော်တို့အနေနဲ့ အစဉ်တစိုက် ပူးပေါင်း ပါဝင်ခဲ့တဲ့ စေတနာသွေးလှူရှင်တွေကို အထူးပဲကျေးဇူးတင်ရှိပြီး နောင်မှာ ပြုလုပ်မယ့် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွေမှာလည်း အားတက်သရော ဆက်လက် ပါဝင်ပံ့ပိုးပေးကြဖို့ တိုက်တွန်းလိုပါတယ်။ MPT အနေနဲ့ စုပေါင်းသွေးလှူဒါန်းခြင်းလိုမျိုုး အရေးပါတဲ့ စုပေါင်း ဆောင်ရွက်မှု တွေကနေတစ်ဆင့် မြန်မာပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက် နေပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

သွေးလှူဒါန်းခြင်းသည် မရှိမဖြစ်အရေးပါသော လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး အထူးသဖြင့် ရောဂါဝေဒနာ ဖြစ်ပြီးနောက် ပြန်လည်ထူထောင် ကောင်းမွန်ရန်အတွက် သွေးသွင်းခြင်းကဲ့သို့ ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေများတွင် လွန်စွာအ‌‌ထောက်အကူဖြစ်စေပါသည်။ MPT ၏ သွေးလှူဒါန်းခြင်းလှုပ်ရှားမှုသည် လူမှုအသိုက်အဝန်းသို့ အထောက်အပံ့ပြုစေသည့် လှုပ်ရှားဆောင်ရွက်မှုများထဲမှ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အများပြည်သူတို့၏ ကျန်းမာရေး အတွက် အဓိပ္ပာယ်ပြည့်ဝသော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန်အတွက် စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းပါဝင်သော လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်ပါသည်။ MPT အနေဖြင့် ယခုလို စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ခဲ့ကြသူများအား ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် အနာဂတ်တွင်လည်း ယခုကဲ့သို့ လူ့အသက်ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်နိုင်ကြပါရန် စေတနာသွေးလှူရှင်များအား ထပ်မံဖိတ်ခေါ်လိုက်ရပါသည်။

MPT သည် လက်ရှိလုပ်ဆောင်နေသော သွေးလှူဒါန်းခြင်း လှုပ်ရှားမှုများအပြင် စုံလင်လှသည့် လူမှုအကျိုးပြု လှုပ်ရှားမှုများမှတစ်ဆင့် လူမှုအသိုက်အဝန်းအား ပံ့ပိုးကူညီလျက်ရှိကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရည်အသွေး ကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ MPT သည် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို မြှင့်တင်ရန်နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်စိတ် တစ်ဒေသမှ ပါဝင်ကူညီနိုင်ရန် ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ကဏ္ဍကို အလေးထားဆောင်ရွက်ခြင်းဖြင့် ၎င်း၏ ကတိကဝတ်များကို ပြသလျက်ရှိပါသည်။

သွေးလှူဒါန်း၍ လူအများ၏အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုလေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်း များနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင် ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top