တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် နေပြည်တော်သို့ ရောက်ရှိ

yyl-029-8.jpg

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် အထူးလေယဉ်ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိ သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ ကြိုဆို နှုတ်ဆက်ကြသည်။

Ref : MOI
ဓာတ်ပုံ- အောင်မြတ်မင်း (ပြန်ဆက်)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top