၂၀၂၄ ခုနှစ် ဧပြီလက Blackpink အဖွဲ့ဝင် လီဆာဟာ သူပိုင်ဆိုင်တဲ့ Labubu အရုပ်ကို ထုတ်ပြခဲ့ပြီးတဲ့နောက်မှာ အဲ့အရုပ်က လူအများကြား တော်တော်လေးခေတ်စားသွားခဲ့တာပါ။ စင်ကာပူနိုင်ငံက အသက် ၄၁ နှစ်အရွယ် အမျိုးသားဆိုရင်လည်း Labubu အရုပ်တွေကောက်ပြီး ပြန်လည်ရောင်းချကာ တစ်လကို စင်ကာပူဒေါ်လာ ၁၀၀၀၀ ရရှိနေပါပြီ။
လု ထျန်ဖုဆိုတဲ့ အဲ့ဒီအမျိုးသားက ဗိသုကာလုပ်ငန်းမှာ အလုပ်လုပ်တာပါ။ သူဟာ Labubu အရုပ်တွေကို အရုပ်ကောက်စက်ကနေ ယူတာပါ။ အခုဆို သူ့အိမ်မှာ အွန်လိုင်းက ဝယ်ယူခဲ့တဲ့ Labubu ရုပ်တုတွေကြီးအပြင် Labubu Blind box ၆၀ ကျော်ပိုင်ဆိုင်ထားပါတယ်။ သူဟာ နေ့တိုင်းနီးပါး ဈေးရုံတန်းတွေဆီသွားပြီး သူ ကောက်ရထားတဲ့ Labubu အရုပ်တွေကို ရောင်းချနေပါတယ်။ အရုပ်ကောက်တဲ့သူ့ရဲ့ဝါသနာက သူ့ကို တစ်လကို စင်ကာပူဒေါ်လာ ၁၀၀၀၀ ရစေခဲ့ပါတယ်။
စင်ကာပူနိုင်ငံမှာ ၂၄ နာရီဖွင့်ထားတဲ့ အရုပ်ကောက်စက်ဆိုင် ClawGey ရဲ့တွဲဖက်ပိုင်ရှင်ဆိုရင် Labubu အရုပ်တွေ သူတို့ရဲ့အရုပ်စင်ပေါ်ရောက်ကတည်းက သူတို့ရဲ့စီးပွားရေး ၃၀-၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
Ref: S’pore man, 41, burns S$10,000 on Labubu dolls in 1 month
WL (ရိုးရာလေး)