ခရီးသွားရာဇဝင်လိမ်ပြောခဲ့တဲ့ COVID-19 လူနာအမျိုးသားကို တရုတ်အာဏာပိုင်တွေက ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်

2-4-2020-yyl-053.jpg

အီတလီနိုင်ငံမြောက်ပိုင်းကို သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ကို လိမ်ညာပြောဆိုခဲ့တဲ့အတွက် တရုတ်အာဏာပိုင်တွေက တရုတ်အမျိုးသားတစ်ယောက်ကို ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါတယ်။ မျိုးရိုးအမည် ”ကွာ”လို့ ခေါ်တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားဟာ မတ်လ ၁ ရက်မှာ ဘေဂျင်းမြို့ကနေ အီတလီနိုင်ငံ၊ မီလန်မြို့ကို သွားရောက်ခဲ့ပြီး မတ်လ ၇ ရက်မှာ တရုတ်နိုင်ငံကို ပြန်လာခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

ကွာဟာ မတ်လ ၇ ရက်က ဟီနန်ပြည်နယ်၊ ကျန်းကျိုးမြို့ကို ရထားစီး ပြန်သွားခဲ့ပြီး မတ်လ ၈ ရက်၊ မတ်လ ၉ ရက်နေ့တွေမှာလည်း မြေအောက်ရထားစီးပြီး အလုပ်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒေသခံရဲတပ်ဖွဲ့က ကွာရဲ့ ခရီးသွားရာဇဝင်ကို တွေ့ရှိသွားခဲ့ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တွေကို နှောင့်ယှက်ဟန့်တားမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ကွာဟာ COVID-19 ကူးစက်ခံထားရတဲ့အတွက် သူနဲ့အနီးကပ်ထိတွေ့မိသူ ၄၀ ကျော်ကို အသွားအလာကန့်သတ်စောင့်ကြည့်နေပါတယ်။

Ref:CNN “A Chinese man has been sentenced to more than a year in prison for lying about his travel history”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top