ငရဲတံခါးဝလို့ တင်စားတဲ့ ကန္တာရထဲက မီးတွင်းဝကို ပိတ်ပစ်ဖို့ တာမင်နစ္စတန်သမ္မတ ညွှန်ကြား

8-2-2022-yyl3.jpg

ငရဲတံခါးဝလို့ တင်စားကြတဲ့ ကန္တာရထဲက မီးလောင်ကျွမ်းနေတဲ့ တွင်းဝကို ပိတ်ပစ်ဖို့ တာမင်နစ္စတန်သမ္မတက ညွှန်ကြားခဲ့ပါတယ်။ ကရာကုမ်သဲကန္တာရထဲမှာရှိတဲ့ ဒါဗာဇာတွင်းပေါက်မှာ ဓာတ်ငွေ့တွေ စိမ့်ထွက်နေပြီး ဆယ်စုနှစ်ပေါင်းများစွာ မီးလောင်ကျွမ်းနေခဲ့တာပါ။ ၁၉၇၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဓာတ်ငွေ့တူးဖော်ရေးစီမံကိန်း မှားယွင်းခဲ့ရာကနေ အစပြုပြီး ဒါဗာဇာတွင်းပေါက်မှာ မီးလောင်ကျွမ်းခဲ့တာလို့ လူအများက ယုံကြည်ထားကြပါတယ်။

ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ ကနေဒါနိုင်ငံသား ကူရူနစ်က ဒါဗာဇာတွင်းပေါက်ရဲ့ အနက်ကို လေ့လာသုံးသပ်ခဲ့ပြီး ဒီတွင်းပေါက်ကြီး ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာ ဘယ်သူမှ မသိကြဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ ဒေသခံ ဘူမိဗေဒပညာရှင်တွေရဲ့အဆိုအရတော့ ၁၉၆၀ ပြည့်နှစ်အတွင်းမှာ တွင်းပေါက်ကြီး စတင်ဖြစ်ပေါ်ခဲ့ပေမဲ့ ၁၉၈၀ ပြည့်နှစ်ကျမှသာ မီးလောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ ဒါဗာဇာတွင်းပေါက်ကြီးဟာ တာမင်နစ္စတန်နိုင်ငံရဲ့ ခရီးသည်လာရောက်မှုအများဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းတွေအပြင်၊ ဓာတ်ငွေ့တင်ပို့မှု တိုးမြှင့်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒါဗာဇာတွင်းဝကို ပိတ်ပစ်ချင်တာဖြစ်တယ်လို့ တာမင်နစ္စတန်သမ္မတ ဘာဒီမူခါမီဒေါ့ဗ်က ပြောပါတယ်။

” အကျိုးအမြတ် အများကြီးရနိုင်တဲ့ အဖိုးတန်သဘာဝသယံဇာတကို ကျွန်တော်တို့ ဆုံးရှုံးနေရတာပါ။ ကျွန်တော်တို့ပြည်သူတွေရဲ့ လူနေမှုဘဝမြင့်မားစေဖို့ ဒါကို အသုံးပြုသွားမယ်” လို့ ဘာဒီမူခါမီဒေါ့ဗ်က ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါဗာဇာတွင်းပေါက်ကြီးမှာ လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်နိုင်မယ့်နည်းလမ်း ရှာဖွေကြဖို့ သမ္မတက အရာရှိတွေကို ညွှန်ကြားထားပါတယ်။ ဒါဗာဇာတွင်းပေါက်ကြီးမှာ လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်နိုင်ဖို့ ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့ဖူးပြီး ၂၀၁၀ ပြည့်နှစ်တုန်းကလည်း ဘာဒီမူခါမီဒေါ့ဗ်က မီးငြှိမ်းသတ်နိုင်မယ့်နည်းလမ်းရှာဖွေဖို့ ညွှန်ကြားခဲ့ဖူးပါတယ်။

Ref: BBC “Turkmenistan plans to close its ‘Gateway to Hell'”


Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top