အက်တမ် (ATOM) က နန်းပန်မြို့၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဇေယျသုခ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ရေသန့်သန့်စင်စနစ်လှုဒါန်း
အက်တမ် (ATOM)က မိုင်းသောက်ကျေးရွာအုပ်စု၊ ညောင်ရွှေမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (မိုင်းသောက်) သို့ ICT Labs များ ထောက်ပံ့ပေး
လှူဒါန်းထောက်ပံ့မှုများက လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများရှိ ကျောင်းသားကျောင်းသူပေါင်း ၃၁၁ ဦး နှင့် အနာဂတ်မျိုးဆက်သစ်များအတွက်ပါ အကျိုးဖြစ်ထွန်းစေ

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ပိုမိုကောင်းမွန်သော လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် လူမှုအသိုင်းအဝိုင်းတိုးတက်ဖွံ့ဖြိုးစေရန် အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်တောင်ပိုင်းရှိ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ရေသန့်သန့်စင်စနစ် နှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာသိနားလည်မှုများ၊ အဓွန့်ရှည်သော ပညာရေးစနစ်များ ဖြစ်ထွန်းလာရေးအတွက် ICT Labs များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်နေ့ တွင် လှုဒါန်းထောက်ပံ့ခဲ့ပါသည်။ “မျှဝေခံစား အက်တမ် (ATOM) ၏ နှလုံးသား” အစီအစဉ်အဖြစ် လူမှုအသိုင်းအဝိုင်းနှင့် လူနေမှုဘဝများ မြင့်မားလာစေရန် အဓိကထား လုပ်ဆောင်နေသည့် ယခု ၂၀၂၅ ခုနှစ် နှစ်ဦး အစပျိုး လှုဒါန်းထောက်ပံ့မှုများသည် “လူမှုဘဝ နှင့် ပညာရေးတိုးတက်ဖွံ့ဖြိုးရေး” နှင့် “ပညာရေးကဏ္ဍကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း” စသဖြင့် ဦးတည်ထားခြင်းဖြစ်ပြီး အခြားသောအစီအစဉ်များစွာကို လည်း ဆက်လက်ဆောင်ရွက်သွားရန် ရည်သန်ထားရှိပါသည်။
ရေသန့်သန့်စင်စနစ် လှူဒါန်းပေးကမ်းခြင်း
အက်တမ် (ATOM) သည် ၂၀၂၄ ခုနှစ်၊ ဆိုင်ကလုန်းယာဂီ ၏ ရိုက်ခက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရပြီး သောက်သုံးရေသန့် ရရှိရန် အခက်အခဲတွေ့နေသော အသိုင်းအဝိုင်းများထဲမှ တစ်ခုဖြစ်သည့် ဇေယျသုခ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ RO ရေသန့်စက်အပါအ၀င်၊ အာဟာရဖြည့်စွက်စာ နှင့် အခြားသောပံ့ပိုးကူညီမှုများအတွက် စုစုပေါင်းမြန်မာကျပ်ငွေ (၂၂,၃၅၀,၀၀၀) ကိုအက်တမ် (ATOM) ကလှူဒါန်း ပေးခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုကို ပရဟိတဂေဟာတည်ရှိရာ နန်းပန်မြို့၊ ညောင်ရွှေမြို့နယ်တွင် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ နှင့် ကျေးရွာအနီးနားပတ်ဝန်းကျင်မှ နေထိုင်သူများနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုကဲ့သို့ လှူဒါန်းမှုသည် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူ ကလေးငယ်များ နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်နေထိုင်ကြသူ စုစုပေါင်းလူဦးရေ ၂၁၀ ကို သန့်ရှင်းသော သောက်သုံးရေများ ရရှိစေရန် အထောက်အပံ့ဖြစ်စေပြီး ပြန်လည်ထူထောင်ရေး နှင့် တည်ဆောက်ရေးလုပ်ငန်းများကို အကူအညီဖြစ်စေရန် ရည်ရွယ်ပါသည်။

ICT Labs များ လှူဒါန်းထောက်ပံ့ခြင်း
ထပ်မံ၍ အက်တမ် (ATOM) က “ပညာရေးကဏ္ဍကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း” အဖြစ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (မိုင်းသောက်) သို့လည်း ကျပ်ငွေ ၂၇၅ သိန်း တန်ဖိုးရှိ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာသုံး ပစ္စည်းများပါဝင်သည့် စာသင်ခန်း (ICT Labs) များကို ဆက်လက်လှူဒါန်းခဲ့ပါသည်။ ICT Labs စာသင်ခန်းများတွင် လက်ပ်တော့များ၊ ဝိုင်ဖိုင်စက်များ၊ ဗို့အားထိန်းစက်၊ ပရင်တာ၊ ကွန်ယက်ချိတ်ဆက်မှုနှင့် ဆက်စပ်ပစ္စည်းများပါဝင်ပြီး ကျောင်းသားကျောင်းသူများကို လက်တွေ့သင်ယူနိုင်ခွင့် နှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ သိနားလည်မှုများ တိုးပွားလာစေမည် ဖြစ်ပါသည်။ ယခုလှူဒါန်းမှုသည် ကျောင်းသားကျောင်းသူပေါင်း ၁၀၁ ယောက်အတွက် အခြေခံကျွမ်းကျင်မှုများ ပိုင်ဆိုင်ရရှိစေရန် အထောက်အပံ့ဖြစ်စေပြီး ၎င်းတို့၏ အနာဂတ် လှပရေးအတွက် အဓိကကျသော ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်စေမည် ဖြစ်ပါသည်။
“လူမှုအသိုင်းအဝိုင်း နဲ့ လူနေမှုဘဝတွေ တိုးတက်ဖွံ့ဖြိုးစေရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အက်တမ် (ATOM) က အစဉ်တစိုက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုဒီရည်မှန်းချက်နဲ့ တာဝန်ကို အကောင်းမွန်ဆုံးထမ်းဆောင်ဖို့ ညောင်ရွှေမြို့နယ်ရှိ နယ်ခံများအတွက် ရေသန့်သန့်စင်စနစ်၊ ICT Labs စာသင်ခန်းတွေကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုကူညီထောက်ပံ့မှုတွေဟာ လက်ရှိမှာရော ရှေ့လာမယ့်မျိုးဆက်သစ်တွေအတွက်ပါ ကျန်းမာလှပတဲ့ အနာဂတ် ဖန်တီးဖို့ အထောက်အပံ့ဖြစ်စေမယ့်အပြင် အက်တမ် (ATOM) က ရည်မှန်းထားတဲ့ အဓွန့်ရှည်တည်တံ့သော အနာဂတ်တည်ဆောက်ရေး လုပ်ဆောင်ချက်တွေအတွက် သက်သေတစ်ခုလည်းဖြစ်ပါတယ်” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ ပြောကြားခဲ့ပါသည်။

“လူမှုအကျိုးပြုလုပ်ငန်းဆိုတာဟာ သာမန်လှူဒါန်းပေးကမ်းခြင်းထက် ပိုပါတယ်။ အဓိကအားဖြင့် ပညာရေး၊ နည်းပညာ၊ ရေရှည်တည်တံ့မှုကို အနာဂတ်အတွက် လက်ဆင့်ကမ်း တည်ဆောက်ခြင်းလို့ဆိုရင် ပိုထိရောက်ပါလိမ့်မယ်။ အက်တမ် (ATOM) အနေနဲ့က အခုလက်ရှိအပြင် အနာဂတ်မှာပါ ကျောင်းသားတွေကို ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေနဲ့ ပိုမိုတိုးတက်ဖွံ့ဖြိုးအောင်၊ လူထုကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းက အကာအကွယ်ပေးနိုင်အောင် နဲ့ မြန်မာနိုင်ငံတစ်ဝှမ်း လူနေမှုဘဝတွေ တိုးတက်မြင့်မားလာအောင် လမ်းခင်းပေးဖို့အတွက် ရင်းနှီးမြှုပ်နှံလျှက်ရှိပါတယ်” ဟု ATOM Myanmar ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် ဖြစ်သူ ဦးသိန်းဟုတ် မှ ပြောကြားခဲ့ပါသည်။
တာဝန်သိလုပ်ငန်းတစ်ခုထက်ပို၍ ထိရောက်သော လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည့် အက်တမ် (ATOM) သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိနေထိုင်သူများ၏ လူနေမှုဘဝ နှင့် အသိုင်းအဝိုင်းကို ပိုမိုတိုးတက်စေရန် ရေရှည်တည်တံ့ခိုင်မြဲသော လူမှုအကျိုးပြုလုပ်ငန်းဆောင်တာများကို ဆောင်ရွက်လျက်ရှိပါသည်။ ATOM အနေဖြင့် အကူအညီလိုအပ်နေသော နေရာဒေသ နှင့် အခန်းကဏ္ဍများကို အမြဲမပြတ်ရှာဖွေနေပြီး ကောင်းမွန်ထိရောက်သော အထောက်အပံ့များဖြစ်စေရန် ဦးစားပေးဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အက်တမ် (ATOM) ၏ ဝန်ထမ်းများ၊ လုပ်ငန်းမိတ်ဖက်များနှင့် သုံးစွဲသူ များအားလုံး အတူအကွလက်တွဲပြီး ဆန်းသစ်မှု၊ တိုးတက်မှုနှင့် ရေရှည်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုများကို ဖြစ်ထွန်းစေလျက် ပိုမိုကောင်းမွန်သောနေ့သစ်များဆီသို့ ဆက်လက် တိုက်တွန်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
Team (ရိုးရာလေး)

