ဇနီးဖြစ်သူက Singlish လိုပဲ သင်ပေးတာကြောင့် အင်္ဂလိပ်စကားပြောစာကြောင်းတွေကို ကိုယ့်ဘာသူ လေ့ကျင့်ခဲ့တယ်ဆိုတဲ့ ချောင်ယွန်ဖက်

19.2.2025-yyl-4-1.jpg

ဝါရင့်ဟောင်ကောင်မင်းသားကြီး ချောင်ယွန်ဖက်ဟာဆိုရင် မကြာသေးခင်က တရုတ်ဟာသဇာတ်ကား Detective Chinatown 1990 မှာ အမေရိကန်ရွှေ့ပြောင်းနေထိုင်သူ ပိုင်ရွယ်လင်အဖြစ် ပါဝင်ခဲ့ပြီး သူ့ရဲ့အင်္ဂလိပ်စကားပြောစွမ်းရည်ကို ပြသခဲ့ပါတယ်။ သူဟာ အဲ့ဒီဇာတ်ကားမှာ အင်္ဂလိပ်လို စကားပြောအရှည်ကြီးပြောခဲ့ရတာပါ။

မကြာသေးခင်က ဒီဇာတ်ကားကို ဟောင်ကောင်မှာ ပမိုးရှင်းလုပ်တော့ အင်တာဗျူးမှာ သူ့ကို အင်္ဂလိပ်စကားပြောစာကြောင်းတွေက စိန်ခေါ်မှုဖြစ်စေခဲ့လားလို့ မေးမြန်းခဲ့ကြပါတယ်။ ဒါဟာ သေချာပေါက်စိန်ခေါ်မှုဖြစ်ခဲ့တယ်။ ဒါပေမဲ့ အရမ်းစိတ်လှုပ်ရှားရတဲ့ တွန်းအားပေးမှုတစ်ခုပါပဲ။ ဟောလိဝုဒ်ဇာတ်ကားတော်တော်များများရိုက်ကူးခဲ့ဖူးပေမဲ့ အရင်က ဒီလိုအင်္ဂလိပ်စကားပြောစာကြောင်းအရှည်ကြီးတွေမပြောဖူးဘူး။ ဇာတ်ညွှန်းရပြီးတဲ့နောက် အင်္ဂလိပ်စကားပြောတာသဘာဝကျတဲ့အထိ လေ့ကျင့်ခဲ့တယ်လို့ ချောင်ယွန်ဖက်က ပြန်ဖြေကြားခဲ့ပါတယ်။

သူ့ဇာတ်ကောင်အတွက် အင်္ဂလိပ်စကားပြောအတွက် ပြင်ဆင်ဖို့ အချိန်ရခဲ့ပြီး ဇာတ်ကားမရိုက်ခင် နေ့တိုင်း အဲ့ဒီကိုပဲ တွေးဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ စင်ကာပူလူမျိုးဇနီးဖြစ်သူက အင်္ဂလိပ်စကားပြောလေ့ကျင့်ဖို့ ကူညီပေးလားဆိုတဲ့ မေးခွန်းကိုလည်း ဖြေကြားခဲ့ရပါတယ်။ ဇနီးဖြစ်သူက မကူညီခဲ့ဘူး။ Singlish လိုပဲ သင်ပေးခဲ့တာပါလို့ သူက ဆိုပါတယ်။

ချောင်ယွန်ဖက်ဟာ The Replacement Killers (1998)၊ Anna and the King (1999) နဲ့ Pirates of the Caribbean: At World’s End (2007) စတဲ့ ဟောလိဝုဒ်ဇာတ်ကားတွေမှာ အင်္ဂလိပ်လိုပြောခဲ့ဖူးပါတယ်။

Ref: ‘She taught me Singlish’: Chow Yun Fat jokes why he didn’t ask Singaporean wife for help with his English lines

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply