ကိုလံဘီယာမှာ ရှားပါးအယ်ဘီနိုကြောင်ရိုင်းပေါက်တစ်ကောင်ကို တွေ့ရှိ

30.12.2021yyl9.jpg

ကိုလံဘီယာမှာ ရှားပါးအယ်ဘီနိုကြောင်ရိုင်းပေါက်တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီလိုကြောင်ရိုင်းအမျိုးအစားကို တွေ့ရှိတာက အဲဒီနိုင်ငံမှာ ပထမဆုံးပါပဲ။ ကိုလံဘီယာအာဏာပိုင်တွေက အဲဒီကြောင်ရိုင်းမလေးကို Aburra Valley တောင်ကြားမှာ တွေ့ရှိခဲ့ပြီး ဆေးကုသမှုခံယူဖို့အတွက် အနီးနားက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဉယျာဉ်တစ်ခုကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါတယ်။

ကြောင်ရိုင်းလေးက အရေပြား၊ မျက်လုံးနဲ့ အမွေးအမှင်တွေကို အရောင်သမ်းစေမယ့် နဂိုအရောင်ထုတ်လုပ်ဖို့ အားနည်းတဲ့အတွက် မျက်လုံးတွေက အနီရောင်ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက လုံးဝကိုအဖြူရောင်ပါပဲ။ ပုံမှန်ဆိုရင် ကြောင်ရိုင်းတွေက နီညိုရောင် (သို့) မီးခိုရောင်တွေဖြစ်ပါတယ်။ ကြောင်ရိုင်းပေါက်လေးဟာ သူ့ရဲ့အဖြူရောင်အမွေးတွေက တောထဲမှာ အသက်ရှင်နေထိုင်နိုင်စွမ်းအားနည်းစေတဲ့အတွက် ဉယျာဉ်မှာ နေထိုင်သွားရမှာဖြစ်ပါတယ်။

Amalfi မြို့လေးရဲ့တိရစ္ဆာန်ဆရာဝန်က ဒီကြောင်ရိုင်းကို ကယ်တင်ဖို့အတွက် အာဏာပိုင်တွေဟာ မီးသတ်ဌာနက စေတနာ့ဝန်ထမ်းတွေနဲ့အတူ လုပ်ဆောင်ခဲ့ရပြီး (၄) နာရီလောက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ကြောင်ရိုင်းတွေက မြောက်နဲ့တောင်အမေရိကပူးမားအမျိုးအနွယ်တွေဖြစ်ပြီး မက္ကစီကိုမြောက်ပိုင်းမှာတော့ မြင်တွေ့ရဖို့ ခဲယင်းပါတယ်။ သူတို့တွေက တစ်ကောင်တည်းနေထိုင်တက်တဲ့ တိရစ္ဆာန်တွေဖြစ်ပြီး မိတ်လိုက်တဲ့အခါမှာ အခြားကြောင်ရိုင်းတွေနဲ့ တွေ့ဆုံလေ့ရှိပါတယ်။ ကြောင်ရိုင်းလေးက အရမ်းသေးငယ်ပေမဲ့ ကြောင်ရိုင်းမတစ်ကောင်က အရှည် လေးပေခွဲအထိ ကြီးထွားလာနိုင်ပါတယ်။

ကြောင်ရိုင်းက ပေါ့ပါးသွက်လက်ပြီး ကိုယ်ခန္ဓာရှည်လျားကာ နားရွက်သေး၊ ခြေတံတိုနဲ့ အမြီးရှည်ပါတယ်။ အရောင်နှစ်မျိုးရှိပြီး eyra လို့ ခေါ်တဲ့ နီညိုရောင်ပုံစံနဲ့ မီးခိုရောင်ပုံစံပါပဲ။ သားပေါက်တာကတော့ နှစ်ကုန်ပိုင်းမှာ ဖြစ်ပြီး ၆၃ ရက်ခန့် ကိုယ်ဝန်ဆောင်ပြီးနောက် (၂) ကောင် (သို့) (၃) ကောင် ပေါက်လေ့ရှိပါတယ်။ Albinism (မွေးရာပါ အသားရောင်နဲ့ အမွေးဖြူခြင်း) ဟာ သားပေါက်လေးက အဖေနဲ့အမေဆီက မျိုးရိုးဗီဇလက်ဆင့်ကမ်းလို့ဖြစ်ရတာပါ။ အယ်ဘီနိုဖြစ်တဲ့ ကြောင်ရိုင်းတွေဟာ အသွင်အပြင်က အဖြူစွပ်စွပ်ဖြစ်တဲ့အပြင် အမြင်အာရုံအားနည်းတဲ့ ပြဿနာမျိုးတွေလည်း မကြာခဏ ရှိတတ်ပါတဘ်။

Ref: Dailymail “Rare albino jaguarundi cub found in Colombia is transferred to a conservation park”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top