မြန်မာငလျင် ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်ကာပူမှ ဆိုက်ဘောပိုးဟပ်တွေကို အသုံးပြု

equart.jpg

မြန်မာငလျင်မှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးပေးဖို့အတွက် စင်ကာပူနိုင်ငံမှ ဆိုက်ဘော့ပိုးဟပ် ၁၀ ကောင် စေလွှတ်ပေးခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ အခုလို အင်းဆက်ဆိုက်ဘော့တွေကို အသုံးပြုတာဟာ ပထမဆုံးအကြိမ်ပါပဲ။

မတ်လ ၃၁ ရက်က စင်ကာပူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ Operation Lionheart မှာ ဆိုက်ဘော့ပိုးဟပ်တွေကို စတင်အသုံးပြုခဲ့ပြီး ဧပြီလ ၃ ရက်က နေပြည်တော် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ပါတယ်။

၆ စင်တီမီတာ ရှည်လျားတဲ့ မာဒါဂက်စ်ကာမျိုးစိတ် ပိုးဟပ်တွေကို အနီအောက်ရောင်ခြည်ကင်မရာနဲ့ ဆင်ဆာတွေ တပ်ဆင်ပေးထားပြီး ပိုးဟပ်တွေရဲ့ လှုပ်ရှားမှုကို Electrodes တွေအသုံးပြုကာ ထိန်းချုပ်တာ ဖြစ်ပါတယ်။ ဆိုက်ဘော့ပိုးဟပ်တွေရဲ့ သေးငယ်တဲ့ အရွယ်အစားကြောင့် အလွန်ကျဉ်းမြောင်းတဲ့နေရာတွေကို ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။

ကင်မရာနဲ့ ဆင်ဆာတွေကနေ ရရှိလာတဲ့ သတင်းအချက်အလက်ကို machine-learning အယ်ဂိုရစ်သမ်စနစ်က ခွဲခြမ်းစိတ်ဖြာပြီး အသက်ရှင်ကျန်ရစ်တဲ့ အရိပ်အယောင် ရှိ၊ မရှိဆိုတာကို ဆုံးဖြတ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ မဂ္ဂနီကျူ့စ်ရှိတဲ့ ငလျင်ကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Ref: S’pore’s cyborg cockroaches helping with search-and-rescue efforts in Myanmar quake

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply