နိုင်ငံမှာတင်နေတဲ့ အကြွေးဆပ်ဖို့ ပြည်သူဆီက ငွေကြေးကောက်ခံတဲ့ မလေးရှားအစိုးရ

1fa7.jpeg

PUTRAJAYA 30/05/2018. Prime Minister, Najib Razak giving a press conference after cabinet meeting at Prime Minister Office, Putrajaya. MALAYMAIL/Azneal Ishak.

မလေးရှားအစိုးရဟာ နိုင်ငံရဲ့အကြွေးမြီ မလေးရှားရင်းဂစ် ၁ ထရီလီယံကို ပြန်ဆပ်နိုင်ဖို့နဲ့ အစိုးရရံပုံငွေ မြင့်တက်စေဖို့ ပြည်သူတွေ ဆီကနေ အလှူခံမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ မလေရှား ဘဏ္ဍရေးဝန်ကြီးဌာနဟာ အစိုးရကို ကူညီထောက်ပံဖို့ စိတ်အားထက်သန်နေတဲ့ ပြည်သူတွေအတွက် မျှော်လင့်ချက်ရံပုံငွေ ဆိုတာကို တည်ထောင်ခဲ့ပြီး အလှူခံနေတာဖြစ်ပါတယ်။

မလေးရှားအစိုးရက မလေးရှားနိုင်ငံရဲ့ အကြွေးတွေဟာ အရင်အစိုးရ အုပ်ချုပ်ချိန်ကထက် ပိုမိုမြင့်တက်နေတယ်လို့ ပြောဆိုထားပါတယ်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ကလည်း ပြည်သူတွေ ရဲ့လှူဒါန်းငွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာနဆီ ရောက်ရှိဖို့ လိုအပ်နေတယ်လို့ ပြောခဲ့ပါတယ်။

မလေးရှားပြည်သူတွေဟာ နိုင်ငံရဲ့ဆိုးရွားတဲ့ဘဏ္ဍရေးအခြေနေကို သိရှိခဲ့ပြီးနောက် အစိုးရဆီ ငွေကြေးလှူဒါန်းမှုတွေလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

မလေးရှားအစိုးရသစ် ဝန်ကြီးချုပ် မဟာသီယာဟာ ငွေကြေးများစွာကုန်ကျမယ့် စီမံကိန်းတွေကို ရပ်တန်ခဲ့တဲ့အပြင် ဝန်ကြီးတွေရဲ့လစာတွေကိုလည်း လျှော့ချခဲ့ပါတဲ့အပြင် မလေးရှားဘဏ္ဍာရေးဝန်ကြီး လင်ဂမ်အမ်ကလည်း ပြည်သူတွေဟာ အစိုးရရဲ့ အကြွေးတွေကို အကူညီဖြစ်စေဖို့ အစိုးရကို ရရှိတဲ့ဝင်ငွေတွေ မျှဝေဖို့ လိုလားနေတယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ မလေးရှား ရွေးကောက်ပွဲပြီးတဲ့နောက် မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ် ရာထူးကဆင်းခဲ့ရပြီး နာဂျစ်အစိုးရ လက်ထက်မှာ အကျင့်ပျက်လာဘ်စားမှုတွေ၊ နေထိုင်စားသောက်မှု စရိတ်မြင့်တက်မှုတွေရှိခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မလေးရှားပြည်သူတွေဟာ နိုင်ငံ့ဘဏ္ဍာကို ထောက်ပံနိုင်ဖို့ အစိုးရကို ငွေကြေးလှူဒါန်းမှုပိုင်း ပြုလုပ်ရမှုအနေနဲ့ ဒါက ပထမဆုံးမဟုတ်ဘဲ ၁၉၉၈ခုနှစ်က အာရှဘဏ္ဍာရေး ပြသနာဖြစ်ပေါ်ချိန်မှာ တောင်ကိုရီးယား နဲ့ ထိုင်းတို့ ဟာအစိုးရကိုငွေကြေး ကူညီပေးခဲ့ရဖူးတယ်လို့သိရပါတယ်။

မလေးရှားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ အစိုးရဆီက တစ်စုံတရာမကြားရခင်အထိ ပြည်သူတွေအနေနဲ့ အစိုးရကို ထောက်ပံပေးနိုင်ဖို့ ခွင်ပြုချက်မရှီတဲ့ ငွေကြေးကောက်ခံမှုတွေမျိုး မလုပ်ဖို့ အစောပိုင်းက တိုက်တွန်းခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ အကြွေးပေါင်း ရင်းဂစ် ၁ ထရီလီယံရှိနေတယ်ဆိုတဲ့ ကြေညာချက်ထွက်ပေါ်ပြီးတဲ့နောက် မလေးရှားပြည်သူတွေဟာ အစိုးရရဲ့အကြွေးတွေကို လျှော့ချနိုင်ရေး အကူညီပေးဖို့ လူမူကွန်ရက်တွေကတစ်ဆင့် တိုက်တွန်းလှုံ့ဆော်မှုတွေ ရှိလာခဲ့ကြောင်း သိရပါတယ်။

Ref straits times. malaysia-government-sets-up-fund-for-public-donations-to-reduce-national-debt

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top