ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဟာ မြို့ရဲ့ ၇၂၉ နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖို့အတွက် အကသမား ၇၂၁၈ ဦး ပါဝင်တဲ့ ထိုင်းရိုးရာအကတင်ဆက်မှုနဲ့ ဆင်နွှဲခဲ့ပါတယ်။ အဲ့ဒီအကတင်ဆက်မှုက ကမ္ဘာ့အကြီးဆုံးထိုင်းရိုးရာအကအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းတင်ခဲ့တာပါ။
အခုလိုစံချိန်ချိုးခဲ့တဲ့ အကြီးဆုံးကပြဖျော်ဖြေတင်ဆက်မှုကို ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီမှ စတင်ပြီး ချင်းမိုင်မြို့ဟောင်း Three Kings Monument ရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့ရဲ့နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ Lanna အမွေအနှစ်ကို မီးမောင်းထိုးပြတဲ့ ယဉ်ကျေးမှုမြင်ကွင်းကို ဖန်တီးခဲ့တာပါ။ အဲ့ဒီအကက မြောက်ဦးယဉ်ကျေးမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ချူလာလောင်ကွန် (ပဉ္ဓမမြောက်ရာမဘုရင်) ရဲ့ တော်ဝင်ကြင်ယာတော်မင်းသမီး ဒါယာ ရာစမီရဲ့ပုံစံနဲ့ ဖျော်ဖြေခဲ့တာပါ။
အဲ့ဒီအခမ်းအနားမှာ အကသမား ၁၀၀၀၀ ကျော်ပါဝင်ဆင်နွှဲခဲ့တာဖြစ်ပေမဲ့ ဂင်းနစ်စံချိန်စံညွှန်းအတိုင်း တင်းကြပ်စွာလိုက်နာသူတွေကိုသာ ထည့်သွင်းရေတွက်ခဲ့တာဖြစ်လို့ အကသမား ၇၂၁၈ ဦးပဲ စံချိန်ပြည့်မီခဲ့တာပါ။ ပါဝင်ကပြသူတွေက တရားဝင်စည်းမျဉ်းတွေနဲ့အညီ သတ်မှတ်ထားတဲ့ အချိန်ဘောင်အတွင်း ကြိုတင်ခွင့်ပြုထားတဲ့ ကကွက်တွေကို ဖျော်ဖြေရမှာဖြစ်ပါတယ်။
ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းက ကိုယ်စားလှယ်တွေက အဲ့ဒီကပြဖျော်ဖြေမှုကို ကြီးကြပ်စစ်ဆေးဖို့ ရှိနေခဲ့ပါတယ်။ မိနစ် ၃၀ ကြာ အကဲဖြတ်ပြီးနောက် အရင်စံချိန်ဖြစ်တဲ့ အကသမား ၅၂၅၅ ဦး ပါဝင်တဲ့ အကြီးဆုံးထိုင်းအကကို ကျော်လွန်ကာ ရရှိသွားခဲ့ပါတယ်။
Ref: Chiang Mai sets world record for largest traditional dance
WL ( ရိုးရာလေး)

