မိန်းမလိုဝတ်ပြီး မိခင်ကိုယ်စား ယာဉ်မောင်းစာမေးပွဲ ဖြေဆိုခဲ့သူကို ဖမ်းဆီး

yyl-007-12.jpg

ဘရာဇီးနိုင်ငံက အမျိုးသားတစ်ယောက်ဟာ မိန်းမလိုဝတ်စားဆင်ယင်ပြီး မိခင်ကိုယ်စား ယာဉ်မောင်းစာမေးပွဲ ဖြေဆိုခဲ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ရှီယာဗီရဲ့မိခင်ဟာ ယာဉ်မောင်းလိုင်စင်ရဖို့ ၃ ကြိမ်တိုင်တိုင် ဖြေဆိုခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အဲဒါကြောင့် စက်ပြင်ဆရာတစ်ယောက်ဖြစ်တဲ့ ရှီယာဗီက မိခင်ကို ကူညီဖို့ ကြိုးစားခဲ့တာပါ။ ရှီယာဗီဟာ ပန်းပွင့်တွေပါတဲ့ ဘလောက်စ်အင်္ကျီဝတ်၊ လက်သည်းနီဆိုး၊ မိတ်ကပ်လိမ်း၊ ဆံပင်တုဆွတ်ပြီး မိခင်ကိုယ်စား ကားမောင်းပြခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ရှီယာဗီရဲ့ပုံစံက သက်သေခံကတ်ပြားထဲက အမျိုးသမီးနဲ့ မတူဘူးလို့ သံသယဖြစ်လာတဲ့ ယာဉ်မောင်းသင်တန်းဆရာက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ရှီယာဗီကို လိမ်ညာမှု၊ သက်သေခံကတ်ပြား အလွဲသုံးစားမှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ရှီယာဗီက မိခင်ကိုယ်စား ယာဉ်မောင်းစာမေးပွဲဖြေဆိုခဲ့တယ်လို့ ဝန်ခံခဲ့ပြီး သူ့အစီအစဉ်ကို သူ့အမေ မသိဘူးလို့ ဆိုပါတယ်။ ရှီယာဗီက အသက် ၄၃ နှစ်အရွယ်ရှိပြီး သူ့အမေကတော့ အသက် ၆၀ ရှိပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top