အဘွားအိုယောင်ဆောင်ထားသူက မိုနာလီဆာပန်းချီကားကို ကိတ်မုန့်နဲ့သုတ်လိမ်း

30-5-2022-yyl-21.jpg

ဘီးတပ်ကုလားထိုင်ပေါ်ထိုင်ပြီး အဘွားအိုဟန်ဆောင်ထားတဲ့ အမျိုးသားတစ်ယောက်က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ လုဗ်ပြတိုက်မှာ ပြသထားတဲ့ မိုနာလီဆာပန်းချီကားကို ကိတ်မုန့်နဲ့သုတ်လိမ်းခဲ့ပါတယ်။ ဆံပင်တုစွပ်ပြီး နှုတ်ခမ်းနီဆိုးထားတဲ့ အဲဒီအမျိုးသားဟာ ဘီးတပ်ကုလားထိုင်ပေါ်ကနေ ပြေးဆင်းလာပြီး လီယိုနာဒိုဒါဗင်ချီရဲ့မိုနာလီဆာပန်းချီကားကို လက်သီးနဲ့ ပြေးထိုးခဲ့တာပါ။

ဒါပေမဲ့ ပန်းချီကားကို ကျည်ကာမှန်နဲ့ ကာကွယ်ထားလို့ ထိခိုက်ပျက်စီးခဲ့ခြင်း မရှိပါဘူး။ အဲဒီနောက်မှာ အမျိုးသားက ကျည်ကာမှန်ကို ကိတ်မုန့်နဲ့ လိမ်းသုတ်ပစ်ခဲ့တာပါ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဒီဖြစ်ရပ်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့သူတွေကတော့ အံ့သြတကြီး ဖြစ်ခဲ့ကြပါတယ်။ ၁၀ စက္ကန့်၊ ၁၅ စက္ကန့်အကြာမှာတော့ လုံခြုံရေးတွေက အဲဒီအမျိုးသားကို ဆွဲခေါ်သွားခဲ့ကြပါတယ်။ သူဟာ ပြခန်းထဲမှာလည်း နှင်းဆီပန်းတွေ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးတွေက ဆွဲခေါ်သွားချိန်မှာ အဲဒီအမျိုးသားက ” ကမ္ဘာမြေအတွက် စဉ်းစားပါ။ ကမ္ဘာမြေကို ဖျက်ဆီးနေသူတွေ ရှိတယ်။ ဒီအကြောင်း စဉ်းစားကြပါဦး။ အနုပညာရှင်တွေက ကမ္ဘာမြေအကြောင်း စဉ်းစားပါလို့ ပြောကြတယ်။ ဒါကြောင့်ပဲ ကျုပ် အခုလို လုပ်ခဲ့တာပါ” လို့ အော်ပြောခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိတဲ့ အဲဒီအမျိုးသားကို ရဲတပ်ဖွဲ့ရဲ့ စိတ်ကျန်းမာရေးဌာနထံ ပို့ဆောင်ခဲ့တယ်လို့ ပဲရစ်မြို့ အစိုးရရှေ့နေရုံးက အတည်ပြုပါတယ်။ အက်ဆစ်နဲ့ တိုက်ခိုက်မှု ကြုံခဲ့ပြီးနောက် ၁၉၅၀ ပြည့်နှစ်တစ်ဝိုက်ကစတင်ပြီး မိုနာလီဆာပန်းချီကားကို ကျည်ကာမှန် တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

Ref: BBC “Mona Lisa: Man dressed as old woman throws cake at da Vinci painting”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top