ရနံ့ပါတဲ့ အီး-စီးကရက်ကို ၃ နှစ်ကြာ သောက်ခဲ့တဲ့ အမေရိကန်လူငယ်တစ်ဦးဟာ popcorn lung အဆုတ်ရောဂါ ခံစားခဲ့ရပါတယ်။ အဆုတ်ရဲ့ အသေးငယ်ဆုံး လေဝင်ပေါက်တွေမှာ အမာရွတ်ဖြစ်ကျန်တဲ့ bronchiolitis obliterans အခြေအနေကြောင့် နာတာရှည် ချောင်းဆိုးခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ မောပန်းခြင်း၊ အသက်ရှူခက်ခဲခြင်း စတဲ့ လက္ခဏာတွေ ခံစားရစေပါတယ်။
အရင်က ပြောင်းဖူးပေါက်ပေါက် စက်ရုံမှာ အလုပ်လုပ်သူတွေ ခံစားရတဲ့ အဆုတ်ရောဂါ ဖြစ်တာကြောင့် popcorn lung လို့ ခေါ်ဆိုကြတာဖြစ်ပြီး ယနေ့ခေတ်မှာတော့ ရနံ့ပါတဲ့ အီး- စီးကရက်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အလားတူအခြေအနေမျိုး ခံစားရနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
ရနံ့ပစ္စည်းအများအပြားဟာ စားသုံးနိုင်ပေမဲ့ အပူပေးပြီး ရှူသွင်းရင်တော့ ခန္ဓာကိုယ်က စစ်ထုတ်ပေးနိုင်ခြင်းမရှိတာကြောင့် အဆုတ်နဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပြီး အဆိပ်သင့်စေနိုင်ပါတယ်။
လူငယ်တွေကြားမှာ ရနံ့ပါတဲ့ Vape သောက်မှု မြင့်မားလာပြီး ကျန်းမာရေးအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိတာကြောင့် စည်းမျဉ်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေ လုပ်ဖို့ အရေးကြီးနေပြီလို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။
Ref: Popcorn Lung: A Dangerous Risk of Flavored E-Cigarettes
NZ ( ရိုးရာလေး)

