ကိန်းရုပ်ရှင်ပွဲတော်မှာ Women in Motion ဆုကို ချီးမြှင့်ခံရမယ့် မင်းသမီး နီကိုးလ် ကစ်မင်းန်

ညငခသူ.jpg

ဟောလိဝုဒ်မင်းသမီးချော နီကိုးလ် ကစ်မင်းန်ဟာ ယခုနှစ်ရဲ့ ကိန်းရုပ်ရှင်ပွဲတော်မှာ Women in Motion ဆုကို ချီးမြှင့်ခံရမှာဖြစ်ပါတယ်။ ဒီဆုက ရုပ်ရှင်အနုပညာနယ်ပယ်က အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ မေလ ၁၈ ရက်နေ့မှာ ချီးမြှင့်ခံရမယ်ဆိုတာကို အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ နီကိုးလ်က အတည်ပြုထားပါတယ်။

“ကျွန်မ ဒီဆုမရခင် ဒီလိုဂုဏ်ပြုခံရဖူးတဲ့ ထူးထူးခြားခြားအမျိုးသမီးစာရင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်က ကျွန်မ့ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီး ဒီနေရာမှာ ကျွန်မ ဖန်တီးခဲ့တဲ့ အမှတ်တရတွေများစွာထဲမှာ ဒီလိုအံ့ဩစရာကောင်းတဲ့ အသိအမှတ်ပြုမှုကို ထပ်ပေါင်းလိုက်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီဆုက ရုပ်ရှင်လောကနဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့နေရာကို မြှင့်တင်ပေးပြီး သူတို့ရဲ့အသက်မွေးဝမ်းကြေင်းနဲ့ ကတိကဝတ်တွေကတဆင့် အမျိုးသမီးအနုပညာရှင်တွေကို ဂုဏ်ပြုချီးမြှင့်တာဖြစ်ပါတယ်”လို့ နီကိုးလ်က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အရင်က ဒီဆုကို ရရှိခဲ့သူတွေက ဂျိန်းဖွန်ဒါ၊ ပတ်တီ ဂျန်ကင်းစ်၊ ဂျီနာ ဒါဗစ်၊ ဆူဆန် ဆာရန်ဒွန်၊ ဗွိုင်လာ ဒါဗစ်၊ မီချဲလ်ယို၊ ဆယ်လ်မာ ဟေယက်ခ်တို့ပါပဲ။ အခုနှစ်ရဲ့ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၁၃ ရက်နေ့ကနေ မေ ၂၄ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref: Nicole Kidman to receive Women in Motion Award at Cannes Film Festival

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top