ဆူနာမီ တိုက်ခတ်ချိန်မှာ အသက်ကို စတေးပြီး လူထောင်ပေါင်းများစွာကို ကယ်တင်ပေးခဲ့တဲ့ ဂျပန်အမျိုးသမီး

sunarmi1.jpg

၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံကို ဆူနာမီလှိုင်းတွေ တိုက်ခတ်တော့မယ့်အချိန်မှာ မြူနီစီပယ်ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက သူ့အသက်ကို စတေးပြီး လူသောင်းချီရဲ့ အသက်ကို ကယ်တင်ပေးသွားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဆူနာမီလှိုင်းလုံးကြီးတွေ တလိမ့်လိမ့်တက်လာချိန်မှာ မီကိုင်အန်ဒိုက ကပ်ဘေးစီမံခန့်ခွဲမှုဌာန တည်ရှိရာ ၃ ထပ်အဆောက်အအုံကနေ သတိပေးချက်တွေ ထုတ်လွှင့်နေတာပါ။

မီကိုင်အန်ဒိုဟာ ဆူနာမီလှိုင်းတွေ ဝင်ရောက်တိုက်ခတ်တော့မယ်ဆိုတာ သိနေပါလျက် မြို့အတွင်းရှိနေထိုင်သူများ ဘေးလွတ်ရာ ကုန်းမြင့်နေရာတွေကို ရွှေ့ပြောင်းကြဖိုရာ သတိပေးချက်တွေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ လှိုင်းလုံးကြီးတွေက မီကိုင်အန်ဒို ရှိနေတဲ့ အဆောက်အအုံကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကိုတော့ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ရဲရင့်ပြတ်သားတဲ့ သူ့ရဲ့လုပ်ရပ်က လူထောင်ပေါင်းများစွာကို အသက်ကယ်ပေးနိုင်ခဲ့တာလို ဆိုကြပါတယ်။

Ref: Miki Endo made the ultimate sacrifice during the 2011 Tōhoku earthquake

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top