ကားတွင်း အပူချိန် လွန်ကဲခြင်းကြောင်း သေဆုံးခြင်းများကို တားဆီးပေးနိုင်မဲ့ ကိရိယာတစ်ခုကို တီထွင်

2017-06-28t22-53-58-666z-1280x720.nbcnews-ux-1080-600.jpg

အမေရိကန်နိုင်ငံ တောင်ပိုင်း တက်ဆက်စ်ပြည်နယ် (Texas)၊ မက်ကင်နေမြို့ (McKinney) တွင် နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ်  ဘစ်ရှော့ကယ်ရီ (Bishop Curry) ဆိုသူ ကောင်လေးတစ်ယောက်ဟာ ကလေးငယ်များ ကားတွင်း အပူချိန် လွန်ကဲခြင်းကြောင်း သေဆုံးခြင်းများကို တားဆီးပေးနိုင်မဲ့ ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။

ဘစ်ရှော့ကယ်ရီဟာ ဒီ ကိရိယာ တီထွင်ဖို့ စိတ်ကူးကို သူ့ရဲ့အိမ်နီးချင်း ၆ လသားအရွယ်ကောင်လေး ကားတွင်းအပူချိန် လွန်ကဲခြင်းကြောင့် သေဆုံးသွားရာမှစပြီး ရခဲ့တာဖြစ်ပါတယ်။ ထို မတော်တဆမှု ဖြစ်ပွားအပြီးမှာ ဘစ်ရှော့ကယ်ရီဟာ ကားအတွင်း အပူချိန် လွန်ကဲခြင်းကြောင့် ကလေးများ သေဆုံးမှုကို စာရွက်ကြမ်းတစ်ရွက်မှာ ရေးခဲ့ပြီး သူ့ရဲ့ဖခင်ကို ပြသခဲ့ပါတယ်။

ဒီပစ္စည်းမှာ မော်တော်ကား ထိုင်ခုံခေါင်းမှီမှာ ပန်ကာတစ်လုံး ပါဝင်ပြီး ဒီပန်ကာဟာ ကားတွင်းအပူချိန် မြှင့်တက်လာမှုကို အာရုံခံနိုင်တဲ့စနစ် ပါဝင်ပါတယ်။ ကားတွင်းအပူချိန်ဟာ သတ်မှတ်ထားတဲ့ အပူချိန်ပမာဏအတွင်းကို ရောက်လာတဲ့အခါမှာ ပန်ကန်ဟာ အလိုအလျောက် ပွင့်လာမှာဖြစ်ပြီး ကလေးငယ်ရဲ့ အရွယ်အစားအလိုက် လှည့်လည်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘစ်ရှော့ကယ်ရီဟာ Wi-Fi စနစ်ကို တပ်ဆင်ထားပြီး ထိုကဲ့သို့ အပူချိန် မြှင့်တက်လာတာနဲ့အမျှ ကလေးငယ်မိဘများရဲ့ ဆဲလ်ဖုန်းသို့ အချက်ပေး အကြောင်းကြားမှာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့အချိန်အတွင်း ကလေးငယ်များရဲ့ မိဘများက သတိမထားမိရင်  ဒေသရဲစခန်းများဆီသို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။ ယခုဆိုရင် ဒီကိရိယာ အကောင်အထည်ဖော်ရေး လုပ်ငန်းအတွက် ဒေါ်လာ ၄၀,၀၀၀ မတည်ငွေ ရရှိထားပြီး ထိုကိရိယာကို လက်တွေ့တီထွင်ပြီး လုပ်ဆောင်ဖို့စီစဉ်နေပါတယ်။ ဘစ်ရှော့ကယ်ရီရဲ့ဖခင်ဖြစ်သူဟာ  ထို တီထွင်မှုကို Toyota ကုမ္ပဏီနဲ့ တခြားသော ကားကုမ္ပဏီကို ပြသခဲ့ရာ စိတ်ဝင်စားမှုများရရှိခဲ့ပေမဲ့ ဈေးကွက်ထဲ ရောက်ရှိလာဖို့ အဆင့်ပေါင်းများစွာ လုပ်ဆောင်ဖို့ လိုအပ်သေးတယ် လို့သိရပါတယ်။

အမေရိကန် နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ကားတွင်းအပူချိန်လွန်ကဲမှုကြောင့် တစ်နှစ်ကို ၃၇ ယောက်ခန့်သေဆုံးနေပြီး ၁၉၉၄ ခုနှစ်ကစလို့ ကလေးပေါင်း ၈၀၄ ယောက်ခန့်ဟာ အပူချိန်မြှင့်တက်မှုကြောင့် သေဆုံးခဲ့ကြတယ် လို့ organization Kids and Cars ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

Ref : CBS News : This 11-year-old Texas boy invented a device to prevent hot car deaths

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top