မလေးရှားနိုင်ငံ၊ ပီရက်ခ်ပြည်နယ်မှာ ဆင်လေးတစ်ကောင်ကို ထရပ်ကားနဲ့ ဝင်တိုက်မိခဲ့ပါတယ်။ မေလ ၁၁ ရက်နေ့၊ မနက် ၂ နာရီ ၅၀ ဝန်းကျင်လောက်မှာပါ။ Gerik-Jeli အဝေးပြေးလမ်းမတစ်လျှောက် မောင်းနှင်လာတဲ့ ထရပ်ကားမောင်းသမားက လမ်းပေါ်ပြေးတက်လာခဲ့တဲ့ ၅ နှစ်သား ဆင်ထီးလေးကို ဝင်တိုက်မိခဲ့ပါတယ်။
ဆင်လေးက ထရပ်ကားအောက်ထဲညှပ်မိသွားခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။ ဆင်မကြီးက ထရပ်ကားကို တွန်းထုတ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။ တွန်းထုတ်လို့မရခဲ့ပေမဲ့ ၅ နာရီကျော်ကြာတဲ့အထိ သူ့သားလေးနားကနေ ထွက်မသွားခဲ့ပါဘူး။
နောက်ပိုင်းကျမှ အာဏာပိုင်တွေရောက်လာခဲ့ပြီး ဆင်မကြီးကို စိတ်ငြိမ်သွားအောင်လုပ်ပြီး ဘေးကင်းရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဆင်လေးရဲ့အလောင်းကို ထရပ်ကားအောက်ကနေဖယ်ထုတ်ခဲ့ပြီး မြေမြှုပ်သင်္ဂြိုဟ်သွားမှာဖြစ်တယ်လို့ မလေးရှားမီဒီယာတော်တော်များများမှာ ဖော်ပြထားပါတယ်။ ထရပ်ကားမောင်းသမားအကြောင်းကိုတော့ ထည့်ပြောထားခြင်းမရှိပါဘူး။
Ref: Young elephant dies after being hit by truck in M’sia, mother refuses to leave its side for over 5 hours
WL ( ရိုးရာလေး)

