တစ်ခါတည်းနဲ့ တင်းနစ်ဘောလုံး(၆) လုံးကို ပါးစပ်ထဲထည့်ပြနိုင်ခဲ့တဲ့ ခွေးလေး

yyl-027-6.jpg

ခွေးတော်တော်များများက ဘောလုံးတွေနဲ့ ဆော့ကစားရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ သာမန်ထက်ကို ဘောလုံးနဲ့ ဆော့ကစားနိုင်ပါတယ်။ အဲဒီခွေးတွေထဲက ဖိုင်းလေး (Finley) ဆိုတဲ့ ဂိုးလ်ဒင်း ရီထရီဗာ အမျိုးအစားခွေးလေးက သာမန်ခွေးတစ်ကောင်တော့မဟုတ်ပါဘူး။ သူ့မှာ ဘယ်သူမှမသိတဲ့ အရည်ချင်းတစ်ခုရှိပါတယ်။ ဒါကတော့ သူ့ရဲ့ပါးစပ်နဲ့ တင်းနစ်ဘောလုံး (၆) လုံးကို တစ်ခါတည်းနဲ့ ကိုက်ထားနိုင်စွမ်းရှိပါတယ်။

သေချာတာကတော့ ဒီလိုမျိုးကို ဘယ်ခွေးကမှ လုပ်ဖူးကြမှာမဟုတ်ပါဘူး။ ဖိုင်းလေးက အဲဒီလိုလုပ်နိုင်တဲ့အတွက် ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ခွေးလေးဖြစ်ပါတယ်။ ဖိုင်းလေးနဲ့ တွေ့ဆုံကြည့်လိုက်ကြရအောင်..။ ဖိုင်းလေး ပေါက်စလေးကတည်းက တင်းနစ်ဘောလုံးတွေကို ကြိုက်နှစ်သက်ခဲ့တာပါ။ သူ့ရဲ့စွဲလမ်းမှုက သူ အသက်ကြီးလာတာနဲ့ ပိုပြီးပြင်းထန်လာခဲ့တဲ့ပုံပါပဲ။ မကြာသေးခင်ကမှ သူ့ရဲ့ပါးစပ်ထဲကို တင်းနစ်ဘောလုံးတော်တော်များများ ထည့်နိုင်တာကို သိခဲ့ရတာဖြစ်ပါတယ်။

ခွေးလေးက တင်းနစ်ဘောလုံး (၁)လုံး ကနေ (၂) လုံးအထိ ကောက်ယူဖို့အတွက် သူ့ကိုယ်တိုင်သင်ယူခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ (၆) လုံးကို ပါးစပ်နဲ့ တစ်ခါတည်းကောက်ယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့သခင် ချီရီ နဲ့ ရော့ဘ် မောလွိုင်တို့က သူ့ရဲ့အရည်အချင်းကို ဂုဏ်ယူစွာနဲ့ မှတ်တမ်းတင်ထားခဲ့ပါတယ်။ မှတ်တမ်းကတော့ ကမ္ဘာ့ဂင်းနစ်စ်စံချိန်နဲ့ တရားဝင်ပြုလုပ်တော့မှာဖြစ်ပါတယ်။

ပါးစပ်ထဲမှာ တင်းနစ်ဘောလုံး (၆) လုံးကို တစ်ခါတည်းနဲ့ ကိုက်ထားနိုင်တဲ့ ဖိုင်းလေးက လူမှုကွန်ယက်အကောင့်မှာ လူသိများလို့နေပါတယ်။ လက်ရှိကမ္ဘာ့ဂင်းနစ်စ်စံချိန်ကို ရရှိပိုင်ဆိုင်ထားတဲ့ခွေးလေးက အော်ဂီဆိုတဲ့ ဂိုးလ်ဒင်း ရီထရီဗာအမျိုးအစားခွေးလေးဖြစ်ပြီး ၂၀၀၃ခုနှစ်က သူ့ရဲ့ပါးစပ်ထဲမှာ တင်းနစ်ဘောလုံး (၅) လုံး ကိုက်ထားနိုင်ခဲ့တဲ့အတွက် စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။

ချီရီနဲ့ ရော့ဘ်တို့ရဲ့သမီးက ဖိုင်းလေးကို အိမ်ခေါ်လာခဲ့တဲ့အချိန်တုန်းက (၁၀) ပတ်ပဲရှိပါသေးတယ်။ ဖိုင်းလေး အသက်(၂) နှစ်အရွယ်မှာ သူ့ရဲ့အရည်အချင်းကို သခင်တွေက စပြီးသတိထားမိခဲ့တာပါ။ အရင်က ခွေးလေးဟာ သူ့ပါးစပ်ထဲကို တင်းနစ်ဘောလုံး (၄) လုံးသာ အလွယ်တကူ ထည့်နိုင်တာဖြစ်ပါတယ်။ ဖိုင်းလေးက သူ့ရဲ့စွမ်းရည်အတွက် ဂင်းနစ်စ်စံချိန် တရားဝင်ပေးအပ်တာကို စောင့်ဆိုင်းရင်းနဲ့ အင်စတာဂရမ်မှာ သူ့ရဲ့အရည်အချင်းကို ချီးမွှမ်းနေတဲ့ follower (၃၁၅၀၀) ရှိနေပါပြီ။ မကြာခင်မှာ သူ့နဲ့ ထိုက်တန်တဲ့ ဂင်းနစ်စ်စံချိန်ကို ရရှိမယ်လို့ မျှော်လင့်ရပါတယ်။

https://www.instagram.com/p/B2o-ixTJ9-X/?utm_source=ig_embed&utm_campaign=embed_video_watch_again

Ref: Dog Obsessed With Tennis Balls Breaks World Record For Amount Of Tennis Balls In His Mouth

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top