ဂျပန်မှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အင်အားအပြင်းဆုံး မုန်တိုင်း တိုက်ခတ်

40751273_1972528972803233_349071551426985984_n.jpg

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၂၅ နှစ် အတွင်း အင်အားအပြင်းဆုံး မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့တာကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး ၁၆၀ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဘီဘီစီသတင်းက ဖော်ပြခဲ့ပါတယ်။ တိုက်ဖုန်း မုန်တိုင်း ဂျီဘီဟာ စင်တင်ဘာ ၄ ရက်နေ့က ဂျပန်နိုင်ငံ အနောက်ပိုင်းကို တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းစေခဲ့ကာ လေတိုက်နှုန်းက တစ်နာရီကို ၁၇၂ ကီလိုမီတာ ရှိခဲ့တယ်လို့ သိရပါတယ်။

ဂျပန်အာဏာပိုင်တွေဟာ ရေကြီး၊ မြေပြိုမှုတွေနဲ့ လေတိုက်နှုန်း မြင့်မားနေဆဲမှာပဲ ဂျပန်နိုင်ငံအနောက်ပိုင်းက သန်းနဲ့ချီတဲ့လူတွေကို ဘေးလွတ်ရာဆီ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ မုန်တိုင်းကြောင့် လျှပ်စစ်မီးမရဘဲရှိနေပြီး လူတွေကို ဘေးကင်းရာနေရာတွေဆီ ပြောင်းရွေ့ကြဖို့ ဂျပန်အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ဒီ အင်အားပြင်းမုန်တိုင်းဟာ နေ့လယ်ပိုင်းမှာ ရှီကိုကုကျွန်းကို စတင်တိုက်ခတ်ခဲ့ပြီးတဲ့နောက် ဟွန်ရှုကျွန်းကို ထပ်မံတိုက်ခတ်ခဲ့ပါတယ်။ ဂျီဘီမုန်တိုင်းဟာ ၁၉၉၃ ခုနှစ်က လူပေါင်း ၄၈ ဦးသေဆုံးပြီး လူအများ ပျောက်ဆုံးခဲ့တဲ့ မုန်တိုင်းနောက်ပိုင်း ဂျပန်နိုင်ငံကအဓိကကျွန်းကို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံးမုန်တိုင်း ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်တွေ၊ ရထားခရီးစဉ်တွေနဲ့ ဖယ်ရီခရီးစဉ်တွေ ရာချီပြီး ဖျက်သိမ်းခဲ့ရတယ်လို့သိရပါတယ်။ အိုဆာကာမြို့က ကန်ဆိုင် နိုင်ငံတကာလေဆိပ် လေယာဉ်ပြေးလမ်းမှာလည်း ရေလွှမ်းမိုးတာတွေ ဖြစ်နေခဲ့ပါတယ်။ ဒီကိစ္စအတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အရေးပေါ် အစည်းဝေးလုပ်ခဲ့ပြီး လူတွေကို မုန်တိုင်းဒဏ်ကနေ စောစီးစွာ ကာကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။

Ref: bbc Japan’s strongest typhoon in 25 years kills at least six

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top