ဟောင်ကောင်မြို့မှာ စားသောက်ဆိုင်ထိုင် စားသောက်မှုကို ပိတ်ပင်

29-7-2002-yyl-005.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်တွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ဟောင်ကောင်မြို့က ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အတင်းကျပ်ဆုံး စည်းမျဉ်းတွေ ပြဋ္ဌာန်းခဲ့ပါတယ်။ ဇူလိုင်လ ၂၉ ရက်ကစပြီး စားသောက်ဆိုင်တွေမှာ စားသောက်တာကို ပိတ်ပင်ထားပြီး မတူညီတဲ့ အိမ်ထောင်စုနှစ်စုက လူတစ်ယောက်ချင်းစီကိုပဲ တွေ့ဆုံခွင့်ပြုထားပါတယ်။ အများပြည်သူကြား သွားလာလှုပ်ရှားတဲ့အခါ နှာခေါင်းစည်းတွေတပ်ဆင်ဖို့ လိုအပ်ပါတယ်။ ဟောင်ကောင်မြို့ဟာ အစောပိုင်းက Covid-19 ရောဂါကို တွန်းလှန်တိုက်ဖျက်ရာမှာ အောင်မြင်မှုရခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရပေမဲ့ နေ့စဉ်နေ့တိုင်း ကူးစက်မှုသစ် ၁၀၀ ကျော် ရှိနေဆဲပါ။

အခုလထဲမှာတော့ ဘားတွေ၊ ကိုယ်လက်လေ့ကျင့်ရေးခန်းမတွေ၊ အလှပြင်ဆိုင်တွေမှာ တင်းကျပ်တဲ့စည်းမျဉ်းတွေ တစ်ကျော့ပြန် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ဟောင်ကောင်မြို့မှာ စံချိန်တင်လူနာသစ်တွေ့ရှိမှုအဖြစ် ၁၄၅ ယောက်၊ ပြီးခဲ့တဲ့အင်္ဂါနေ့က လူနာသစ် ၁၀၆ ယောက် တွေ့ရှိခဲ့ပါတယ်။ ဟောင်ကောင်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၃ ယောက်ရှိပြီး အခုနောက်ဆုံး သေဆုံးခဲ့သူကတော့ စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်သူပါ။

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top