ယူကရိန်းနိုင်ငံသား ဗာလင်တန်ဖရက်ချ်ကာဟာ သစ်ပင်တစ်ပင်မှ ခုတ်လဲစရာမလိုဘဲ စက္ကူထုတ်လုပ်နိုင်မယ့် နည်းလမ်းသစ်တစ်မျိုး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အသက် ၂၃ နှစ်ပဲ ရှိသေးတဲ့ ဖရက်ချ်ကာဟာ Releaf Paper စက္ကူကုမ္ပဏီ တည်ထောင်ထားပြီး သူ့ကုမ္ပဏီဟာ သစ်ရွက်ကြွေတွေကို ကုန်ကြမ်းအဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ သစ်ပင် ၁၇ ပင်ကို ခုတ်လဲ၊ ကြိတ်ချေပြီးမှသာ ဆယ်လူလို့စ် ၁ တန် ထုတ်လုပ်နိုင်တာဖြစ်ပေမဲ့ Releaf Paper စက္ကူကုမ္ပဏီ ကတော့ သစ်ရွက်ကြွေ ၂.၃ တန်ကနေ ဆယ်လူလို့စ် ၁ တန် ထုတ်လုပ်နိုင်ခဲ့တာပါ။
ဖရက်ချ်ကာဟာ အသက် ၁၆ နှစ်အရွယ်တုန်းက ကာပါသီယန်တောင်ပေါ်တက်ရင်း သစ်ရွက်ကြွေတွေ ဖုံးလွှမ်းနေတဲ့ လမ်းကိုကြည့်ရင်း အခုလိုလုပ်ဖို့ စိတ်ကူးရခဲ့တာပါ။ သူဟာ ယူကရိန်း- ရုရှားစစ်ပွဲကြောင့် ပြင်သစ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ရပေမဲ့ သူ့စိတ်ကူးကိုတော့ လက်မလျှော့ခဲ့ပါဘူး။
သူ့ရဲ့ တီထွင်ဖန်တီးမှုဟာ ဥရောပမူပိုင်ခွင့်ရုံးရဲ့ လူငယ်တီထွင်ဖန်တီးမှုဆု ဆွတ်ခူးခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။ စက္ကူထုတ်လုပ်ရာမှာ ပြည့်ဖြိုးမြဲရင်းမြစ် အသုံးပြုဖို့ မျှော်မှန်းထားကြတဲ့ ဥရောပကုမ္ပဏီတွေဟာ လက်ရှိအချိန်မှာတော့ ဖရက်ချ်ကာရဲ့ Releaf Paper စက္ကူတွေကို အသုံးပြုနေကြပါပြီ။
Ref: Ukrainian inventor created a way to make paper from fallen leaves without cutting down a single tree
NZ ( ရိုးရာလေး)

