နေစွမ်းအင်မှာ ရင်းနှီးမြှုပ်နှံတာတွေ ပိုများလာနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်

solar-energy-panels-P4AHNW4.jpg

အစားထိုးစွမ်းအင်မှာ ရင်းနှီးမြှုပ်နှံမှုက ကမ္ဘာကနေ ထုတ်ယူရရှိတဲ့ သဘာဝလောင်စာအပေါ် ရင်းနှီးမြှုပ်နှံမှုကို ကျော်လွန်ပြီးတော့ တဟုန်ထိုး မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ စွမ်းအင်ဆိုင်ရာ နည်းပညာရဲ့ ဈေးနှုန်း ထိုးကျလာတာကလည်း ကမ္ဘာ့အစိုးရအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာပါတယ်။

လုပ်ငန်းအပ်နှံပြီးတဲ့ အခြေခံ အဆောက်အဦးအသစ် တစ်ဝက်နီးနီးအတွက် တွက်ချက်နေရတာကြောင့် တရုတ်ဟာ အစားထိုးစွမ်းအင်ကဏ္ဍမှာ ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ အဖြစ်ကနေ ကွာဝေးလျက် ရှိပါတယ်။ ကမ္ဘာအနှံ့က ရင်းနှီးမြှုပ်နှံမှု ငါးပုံတစ်ပုံနီးနီးကို ယခင်နှစ်ထက် ပိုဆွဲဆောင်နိုင်မယ့် နေစွမ်းအင်ဆိုင်ရာ အထောက်အပံ့အတွက် ဒီအချက်က အဓိကရလဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဩစတေးလျ၊ ဆွီဒင်နဲ့ မက္ကဆီကို အပါအဝင် တခြား တိုင်းပြည်တွေဟာ စွမ်းအင် စီမံကိန်းထဲကို ငွေပမာဏ နှစ်ဆထက်ပိုပြီး ထည့်ဝင် ရင်းနှီးထားကြပါတယ်။

“ဒီနှစ်ဟာ အစားထိုးစွမ်းအင် အသစ်အတွက် ငွေကြေးထောက်ပံ့မှု စံချိန်တင်တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်” လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင်နှင့် ရာသီဥတုအဖွဲ့မှ ဖရန်ကိုစ် ဒီအစ်တိစ် (Francoise d’Estais)က ပြောကြားခဲ့ပါတယ်။ သူက “ကျွန်တော်တို့ မှန်းထားတဲ့ သဘာဝလောင်စာ ဝပ်သန်းထောင်ပေါင်း ၇၀ လောက်ထက် ကျော်လွန်ပြီး မနှစ်ကဆိုရင် ဝပ် သန်းထောင်ပေါင်း ၁၅၇ အထိ ရင်းနှီးမြှုပ်နှံခဲ့တဲ့ မှတ်တမ်းရှိပါတယ်” လို့ ပြောပြပါတယ်။

ဆယ်စုနှစ် တစ်ခုစာ ကျော်လွန်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုက လေ၊ နေစွမ်းအင်နဲ့ တခြား အစားထိုးစွမ်းအင် အရင်းအမြစ်မှထုတ်ယူရရှိတဲ့ ကမ္ဘာ့လျှပ်စစ်စွမ်းအင်ရဲ့ အချိုးအစားကို ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာစေခဲ့ပါတယ်။

အရင်ကတည်းက ရှိပြီးဖြစ်တဲ့ လောင်စာကို အစားထိုးစွမ်းအင်နဲ့ နေရာယူလိုက်တာက တားဆီးထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် သန်းထောင်ပေါင်း ၁.၈ တန်ဝန်းကျင်ခန့် ထုတ်လွှတ်မှုကို လျော့ချနိုင်ခဲ့ပါတယ်။ ဒီပမာဏဟာ အမေရိကန် သယ်ယူပို့ဆောင်ရေးစနစ် တစ်ခုလုံး ဖယ်ရှားလိုက်တဲ့ ပမာဏနဲ့ ညီပါတယ်။

“ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ တိုးတက်မှုကို ကျွန်တော်တို့ လုပ်ဆောင်တဲ့အခါ ကမ္ဘာတစ်ဝှမ်းလုံးက နေစွမ်းအင် ရင်းနှီးမြှုပ်နှံမှုမှာ သာမန်ထက် တစ်ဟုန်ထိုး ဘယ်လောက် အောင်မြင်လာလဲဆိုတာ သိရမှာပါ” လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင်ရဲ့ခေါင်းဆောင် အီရခ်ဆိုးလ်ဟိမ်း (Erik Solheim) ကဆိုပါတယ်။

“အစားထိုးစွမ်းအင်မှာ ရင်းနှီးမြှုပ်နှံမှုကြောင့် တိုင်းပြည်တွေဟာ နေရာအသစ်တွေဆီ စွမ်းအင်ပိုပေးနိုင်တယ်။ အဲဒီ နေရာတွေမှာ နေထိုင်တဲ့ လူတွေရဲ့ နေထိုင်မှုဘဝတွေနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို တိုးတက်စေပြီးတော့ တစ်ချိန်တည်းမှာ သူတို့ ရှူရှိုက်တဲ့လေကို သန့်ရှင်းစေပါတယ်” လို့လည်း ဆိုပါတယ်။

တရုတ်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် လျင်လျင်မြန်မြန် မြင့်တက်လာတဲ့အခါ အစားထိုးစွမ်းအင်မှာ စိတ်ဝင်စားစရာ မျှော်လင့်ချက်တစ်ခု ရှိပါတယ်။ နိုင်ငံတွေရဲ့ အဓိကမြို့တော်များစွာကို အဆိပ်ပါဝင်တဲ့ လေထု ညစ်ညမ်းမှုကို တားဆီးပေးတာ ဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လေ အထူးသဖြင့် နေစွမ်းအင်နဲ့ တရုတ်အတွက် အရေးကြီးတဲ့ စွမ်းအင်အတွက် ကုန်ကျစရိတ်ကို ကျဆင်းစေခဲ့ပါတယ်” လို့ ငွေကြေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာကျောင်းက အကျိုးပြု စွမ်းအင်အရေး ကျွမ်းကျင်သူ ပါမောက္ခ ယူလဖ်မိုဆလမ်နာ (Ulf Moslener) က ပြောပါတယ်။

“တရုတ်မှာ နေစွမ်းအင်ကဏ္ဍကို မြှင့်တင်ဖို့ ခိုင်မာတဲ့ အစိုးရရဲ့ တွန်းအားရှိပြီး ရာသီဥတုနဲ့သာမက တခြားပတ်ဝန်းကျင် အကြောင်းပြချက်တွေနဲ့လည်း လှုံ့ဆော်ပေးနေပါတယ်” အစားထိုးစွမ်းအင် ရင်းနှီးမြှုပ်နှံမှုမှာ ထင်ရှားတဲ့သူတွေကို ထုတ်ပြန်ပေးတဲ့အပြင် ဘလွန်ဘာ့ဂ် (Bloomberg) စွမ်းအင်အသစ် ဘဏ္ဍာရေးနဲ့ ပူးပေါင်းပြီး အဓိက တိုင်းပြည်အချို့ဟာ နောက်ကျကျန်နေခဲ့တာကို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

လေနဲ့ နေစွမ်းအင် အရင်းအမြစ်တွေဟာ လျှပ်စစ်ဖြန့်ဝေပေးနိုင်မှုမှာ နျူကလီးယားကို လိုက်မှီလာတာကြောင့် ဗြိတိန်က စွမ်းအင်ထုတ်လုပ်မှုမှာ ပိုကောင်းမွန်စွာ လုပ်ဆောင်လာနိုင်ပါတယ်။ ဒီလို လူကြိုက်များလာပေမဲ့ ၂၀၁၇ မှာ ဗြိတိန်အတွက် အစားထိုးစွမ်းအင် ရင်းနှီးမှုမှာ ၆၅ ရာခိုင်နှုန်းအထိ ကြီးမားတဲ့ ကျဆင်းမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ အစိုးရ ထောက်ပံ့မှုက ကျဆင်းခဲ့ပြီး ၂၀၁၆ နဲ့ ၂၀၁၇ အတွင်းမှာသာ ငွေကြေးထောက်ပံ့ပေးတဲ့ အဓိက လေစွမ်းအင် စီမံကိန်းအချို့ ရှိခဲ့ပါတယ်။ ငွေကြေးထောက်ပံ့မှု လုပ်ဆောင်ပြီးတဲ့ စီမံကိန်းကြီးတွေနဲ့လည်း ဒီအချက်ဟာ တစ်စိတ်တစ်ပိုင်း ပတ်သက်နေနိုင်ပါတယ်။

Ref: independent.co.uk

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top