ကမ်းရိုးတန်းဒေသအတွက် သဘာဝဒိုင်းကာများ (သို့မဟုတ်) လမုပင်

mangrove.jpg

လမုပင်တွေဟာ ကမ်းရိုးတန်းဒေသတွေအတွက် သဘာဝပေးတဲ့ ဒိုင်းကာတွေလို့ တင်စားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လမုပင်တွေဟာ ပင်လယ်ရေထဲမှ ဆားဓာတ် ၉၀ ရာခိုင်နှုန်းအထိကို စစ်ထုတ်ဖယ်ရှားပေးနိုင်စွမ်း ရှိလို့ပါပဲ။

လမုပင်ရဲ့ အမြစ်တွေက ဆားဓာတ်တွေကို စုပ်ယူပေးတာဖြစ်ပြီး ကမ်းရိုးတန်းနဲ့ ဂေဟစနစ် တည်တံ့ခိုင်မြဲရေးအတွက် လမုပင်တွေက မရှိမဖြစ် အရေးပါတဲ့အပင်တွေ ဖြစ်ပါတယ်။ လမုပင်တွေဟာ သာမန်အပင်တွေ ရှင်သန်နိုင်ခြင်းမရှိတဲ့ အခြေအနေမျိုးမှာ ရှင်သန်နိုင်ပြီး ဆားဓာတ် ခံနိုင်စွမ်းကလည်း အဆ ၁၀၀ ပိုမိုသာလွန်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၂၆ ရက်နေ့ ရောက်တိုင်း လမုပင်ဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာနေ့ အထိမ်းအမှတ် ကျင်းပလေ့ရှိပါတယ်။

Ref: Mangrove

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top