သူ့အပေါ် ကူညီခဲ့တဲ့ သူငယ်ချင်း ၁၄ ယောက်ကို ဒေါ်လာ ၁ သန်းစီ ပေးခဲ့ဖူးတဲ့ မင်းသားကြီး ဂျော့ကလိုနေး

1million.jpg

ကမ္ဘာကျော် မင်းသားကြီး ဂျော့ကလိုနေးဟာ သူ ဒုက္ခရောက်စဉ်အခါက ကူညီပေးခဲ့တဲ့ သူငယ်ချင်း ၁၄ ယောက်ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၁ သန်းစီ ပေးခဲ့ဖူးပါတယ်။

” ကျွန်တော် မွဲနေတုန်းက သူတို့အိမ်က ဆိုဖာခုံတွေပေါ် အိပ်ခဲ့ဖူးတယ်။ သူတို့က ကျွန်တော့်ကို ပိုက်ဆံချေးပေးဖူးတယ်။ အဲဒီနှစ်ကာလတွေမှာ ကျွန်တော် လိုအပ်သမျှ သူတို့ ကူညီပေးခဲ့တာပါ။ အခုတော့ သူတို့ကို ကျွန်တော် ပြန်ကူညီနိုင်ခဲ့ပါပြီ”လို့ ဂျော့ကလိုနေးက GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဂျော့ကလိုနေးဟာ သရုပ်ဆောင်၊ ဒါရိုက်တာအလုပ်ကနေ ဝင်ငွေသောက်သောက်လဲ ရရုံသာမကဘဲ အခြားလုပ်ငန်းတွေလည်း ပိုင်ဆိုင်ပြီး ၂၀၁၇ ခုနှစ်က သူ့ရဲ့ တက်ကီလာကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁ ဘီလျံနဲ့ ရောင်းချခဲ့သူပါ။

ဂျော့ကလိုနေးဟာ ၂၀၁၃ ခုနှစ်က Gravity ဇာတ်ကားကြောင့် ဝင်ငွေအများအပြား ရရှိခဲ့ပြီးနောက် Tumi တံဆိပ် လက်ဆွဲအိတ် ၁၄ လုံး ဝယ်ယူခဲ့ပြီး ဒေါ်လာ ၁ သန်းစီ ထည့်ကာ သူငယ်ချင်း ၁၄ ယောက်ကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Ref: George Clooney once gave 14 of his friends $1 million each in cash—here’s why

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top