အီရန်နိုင်ငံရဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုမှာ ဦးနှောက်ဒဏ်ရာရခဲ့တဲ့ အမေရိကန်စစ်သည် ၁၁ ဦးရဲ့ အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ ဒေါ်နယ်ထရမ့် ပြော

yyl-006-12.jpg

အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်လေတပ်စခန်းတွေကို အီရန်နိုင်ငံက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဦးနှောက်ဒဏ်ရာရခဲ့တဲ့ အမေရိကန်စစ်သည် ၁၁ ယောက်ရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်ပုံမရဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဇန်နဝါရီလ ၈ ရက်က အမေရိကန်တပ်ဖွဲ့ စခန်းချနေတဲ့ အီရတ်အခြေစိုက်စခန်းတွေကို အီရန်နိုင်ငံက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အီရန်နိုင်ငံက ဒုံးကျည်တစ်ဒါဇင်ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ အမေရိကန်စစ်သည်တစ်ယောက်မျှ သေဆုံးမှု၊ ဒဏ်ရာရမှု မဖြစ်ခဲ့ဘူးလို့ အစောပိုင်းမှာ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန်စစ်တပ် ထိပ်တန်းအရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပင်တဂွန်စစ်ဌာနချုပ်က လေသံပြောင်းသွားခဲ့ပြီး ဦးနှောက်ဒဏ်ရာရခဲ့တဲ့ အမေရိကန်စစ်သည် ၁၁ ယောက်ကို ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်သည်တွေကို ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့ ဂျာမနီနိုင်ငံထံ ပို့ဆောင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ဗဟိုကွပ်ကဲရေးစခန်းက ထုတ်ပြန်ခဲ့ပါတယ်။ အနာဂတ်ကာလမှာ နောက်ထပ် ထိခိုက်ဒဏ်ရာရမှုတွေ ရှိ၊ မရှိ ထပ်ပြီး စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

“သူတို့တွေ ခေါင်းကိုက်တယ်၊ တခြားဝေဒနာတွေ ခံစားရတယ်လို့ ပြောပါတယ်။ ဒါက တော်တော်ဆိုးရွားတဲ့ ဒဏ်ရာမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်’’လို့ ဒေါ်နယ်ထရမ့်က ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ မှတ်တမ်းတွေအရ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရတဲ့ အမေရိကန်စစ်သည် ၄၀၈၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top