ရေအောက်အနမ်းနဲ့ ဂင်းနက်စ်စံချိန်သစ်တင်

16.2.2023-image-10.png

ချစ်သူများနေ့ မတိုင်ခင်မှာ စုံတွဲတစ်တွဲက အချိန်အကြာဆုံး ရေအောက်အနမ်းပေးနိုင်သူများအဖြစ် ဂင်းနက်စ်စံချိန်သစ် တင်ခဲ့ပါတယ်။ အသက် ၄၀ အရွယ် တောင်အာဖရိကအမျိုးသမီး နီယာလီနဲ့ သူ့ချစ်သူ ကနေဒါအမျိုးသား ကလူတီယာတို့ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့က မော်လ်ဒိုက်စ်ရဲ့ ရေအောက်မှာ ၄ မိနစ်၊ ၆ စက္ကန့်ကြာ အနမ်းပေးခဲ့ကြတာပါ။
ဒါဟာ ၂၀၁၀ ပြည့်နှစ်က ရေအောက်မှာ ၃ မိနစ်၊ ၂၄ စက္ကန့်ကြာ အနမ်းပေးခဲ့တဲ့ အီတလီစုံတွဲရဲ့စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာပါ။ နီယာလီနဲ့ ကလူတီယာတို့ဟာ အခုလို စံချိန်ချိုးနိုင်ဖို့အတွက် ၃ ရက်ကြာ လေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: Underwater kiss world record broken for Valentine’s Day

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top