ချစ်သူကောင်မလေးကို ကျောင်းကပွဲဆီ ရဟတ်ယာဉ်နဲ့ လိုက်ပို့ခဲ့တဲ့ ဆယ်ကျော်သက်

8-7-2022-09.jpg

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့ကောင်မလေးကို ကျောင်းကပွဲနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ဖြစ်စေဖို့ ရဟတ်ယာဉ်နဲ့ လိုက်ပို့ပေးဖို့ စီစဉ်ခဲ့ပါတယ်။အသက် ၁၉ နှစ် အီသန် ရှာရီဆိုတဲ့ အဲဒီကောင်လေးက လေယာဉ်မောင်းရတာကို ဝါသနာပါပြီး အသက် ၁၇ နှစ်အရွယ်မှာ လေယာဉ်မောင်းလိုင်စင်ကို ရရှိခဲ့တဲ့ အသက်အငယ်ဆုံးလူတွေထဲက တစ်ဦးပါပဲ။ ကျောင်းနောက်ဆုံးရက်ကျင်းပတဲ့ကပွဲကို သူ့ချစ်သူကောင်မလေး ရှန်နွန် ကွန်ဗီ သွားတဲ့အခါ ထူးထူးခြားအမှတ်ရစေမယ့် တစ်ခုခုလုပ်ပေးရမယ်လို့ တွေးခဲ့တာပါ။

အဲဒါကြောင့် အီသန်က သူ့ကောင်မလေးကို ရဟတ်ယာဉ်နဲ့ St Catherine’s College ကျောင်းကပွဲဆီ လိုက်ပို့ပေးမယ်လို့ အကြံပြုခဲ့ပါတယ်။ ၁၈ နှစ်အရွယ် ရှန်နွန်ကလည်း လေယာဉ်စီးရတာ စိတ်ဝင်စားတာကြောင့် ချက်ခြင်း သဘောတူခဲ့ပါတယ်။ကျောင်းကပွဲနေ့ ရောက်တော့ အီသန်က သူ့သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး Maghery ကောင်တီမှာရှိတဲ့ ရှန်နွန်ကို ရဟတ်ယာဉ်နဲ့ သွားခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ရှန်နွန်ရဲ့အိမ်မှာ ရဟတ်ယာဉ်ရပ်မရတာကြောင့် အဲဒီနေရာနဲ့နီးတဲ့ Armagh Rugby Club ကို ခွင့်ပြုချက်တောင်းပြီး ရဟတ်ယာဉ်ရပ်နားခဲ့ရပါတယ်။

အီသန်နဲ့ သူ့ချစ်သူကောင်မလေး ရှန်နွန်

အီသန်တို့က အဲဒီကနေ ကျောင်းကပွဲကျင်းပတဲ့ နေရာ Monaghan ကို ရဟတ်ယာဉ်နဲ့ လာခဲ့ကြပါတယ်။ အဲဒီမှာရှိနေတဲ့ လူတော်တော်များများက အီသန်ရဲ့ကောင်မလေး ရဟတ်ယာဉ်နဲ့ လာတာမြင်ပြီး တအံ့တဩဖြစ်ခဲ့ကြတယ်လို့ အီသန်က ပြောပါတယ်။ အဲဒီနေ့ကို ပိုပြီးထူးခြားသွားစေခဲ့တာက အီသန်ရဲ့ ၁၉ နှစ်ပြည့်မွေးနေ့လည်း ဖြစ်ခဲ့ပါတယ်။

အီသန်ဟာ အရောင်တွေခွဲခြားနိုင်စွမ်းမရှိတဲ့ Color blind မဖြစ်ခင်က လေယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ အခုတော့ အီသန်က လေယာဉ်နည်းပြတစ်ယောက်ဖြစ်လာဖို့အတွက် လေ့ကျင့်သင်ယူမှု လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။

Ref: TheMirror “Teen makes sure girlfriend has most unique entrance for her prom – by helicopter”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top