နာမည်ကြီးတရုတ်မင်းသမီးကြီး ဝမ်လင်းက အနောက်တိုင်းစုံတွဲအကအပေါ်ဝါသနာပါတဲ့သူဖြစ်ပြီး သူ့ဝါသနာနောက်လိုက်ခဲ့ပါတယ်။ သူဟာ နေစဉ်ကျင်းပလေ့ရှိတဲ့ Blackpool Dance Festival (World’s Top Ballroom Dance Competition) မှာ အနောက်တိုင်းစုံတွဲအကနဲ့ တတိယနေရာရခဲ့ပါတယ်။
အသက် ၅၄ နှစ်အရွယ် ဝမ်လင်းက ပရော်ဖက်ရှင်နယ်တွေဝင်ပြိုင်လေ့ရှိတဲ့ Teacher-Student Group အမျိုးအစားမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ အင်္ဂလန်မှာ ပြုလုပ်ခဲ့တဲ့ ဒီပြိုင်ပွဲက အလွှမ်းမိုးနိုင်ဆုံးအနောက်တိုင်းစုံတွဲအကပွဲတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။

အစိမ်းရောင်ဂါဝန်ဝတ်ဆင်ခဲ့တဲ့ ဝမ်လင်းက သူ့ဆရာ Evgeny Moshenin နဲ့အတူ တွဲကခဲ့တာပါ။ “ကျွန်မရဲ့အိပ်မက်တွေနဲ့ ရှေ့တစ်လမ်းနီးကပ်ခဲ့ပြီ။ ကျေးဇူးတင်ပါတယ်….ဆရာ Evgeny Moshenin”လို့ သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ပါသေးတယ်။ ဝမ်လင်းဟာ ၂၀၂၃ ခုနှစ်က Variety Show ရဲ့ အနောက်တိုင်းစုံတွဲအကတင်ဆက်မှုအတွင်း နာမည်ကြီးတရုတ်အကသမား ရန်လင်ပင်ဆီကတောင် ချီးကျူးခံခဲ့ရပါတယ်။
Ref: Chinese Actress, 54, Wins 3rd Place At World’s Top Ballroom Dance Competition
WL ( ရိုးရာလေး)

