အွန်လိုင်းစတားဖြစ်နေတဲ့ လူသတ်တရားခံ အမျိုးသမီး

2344923.jpg

ဘားမယ်ကို အပိုင်းပိုင်းခုတ်သတ်ခဲ့တဲ့ လူသတ်တရားခံ အမျိုးသမီးက အွန်လိုင်းပေါ်မှာ စတားဖြစ်နေပါတယ်။

လူသတ် တရားခံတစ်ဦးဖြစ်တဲ့သူက အသက် ၂၄ နှစ်အရွယ် ထိုင်းအမျိုးသမီး Preaw ဖြစ်ပြီး ငယ်ရွယ် ချောမောလှပမှုကြောင့် လူအများက အာရုံစိုက်ခံရတဲ့အပြင် အဖမ်းခံရတာတောင် သူမတို့ သုံးဦးဟာ အေးအေးလူလူနဲ့ မိတ်ကပ်လိမ်းတာတွေ၊ ရဲအရာရှိတွေနဲ့ အတူတွဲ ဓာတ်ပုံရိုက်ထားတဲ့ပုံတွေကြောင့်လည်း အွန်လိုင်း စတားဖြစ်လာတာပါ။

သူတို့ သုံးဦးဟာ ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးလာတာဖြစ်ပြီး သူတို့ကို ဖမ်းမိခဲ့တဲ့ မြန်မာရဲတပ်ဖွဲ့က ထိုင်းရဲတပ်ဖွဲ့ကို လွှဲပြောင်းထားတာပါ။

တကယ်က သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်တဲ့ အသက် ၂၂အရွယ်ဘားမယ်ကို သတ်ခဲ့ပြီးနောက် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ခဲ့တဲ့အမှုမှာ အဓိကပါဝင်တဲ့သူဖြစ်တယ်လို့လည်း ရဲတွေက ယူဆထားပါတယ်။


လူမှုကွန်ရက်ပေါ်မှာ Preaw Fever ဆိုတဲ့ စကားလုံးက ခေတ်စားနေပြီး လူသတ်သမားတွေရဲ့ အဝတ်အစားတွေ၊ အိတ်တွေကို ဆယ်ကျော်သက်တွေက အာရုံစိုက်နေကြပါတယါ။ ဒီဖြစ်ရပ်က ဆယ်ကျော်သက်တွေ အတုယူမှု လွဲမှားနိုင်တယ်လို့ အခင်းဖြစ်ပွားတဲ့ Khon Kaen ပြည်နယ် ဝန်ကြီးက ပြောပါတယ်။

ဆယ်ကျော်သက်တွေဟာ မှုခင်းဖြစ်ရပ်တွေကို သေသေချာချာဖတ်သင့်ပြီး ဒါက ကြောက်စရာကောင်းတယ် လူသတ်မှုဖြစ်တယ်ဆိုတာ နားလည်ဖို့လိုတယ်လို့ ပြည်နယ်ဝန်ကြီးက ထပ်မံဆိုပါတယ်။

ရိုးရာလေးရဲ့ ပရိသတ်တွေကရော လူသတ်တရားခံလို့ စွပ်ဆွဲခံနေရတဲ့ အမျိုးသမီးတွေရဲ့ အသွင်အပြင်နဲ့ လုပ်ရပ်ကို ဘယ်လိုမြင်လဲဆိုတာ ပြောပြပေးပါဦး။

Ref: Bangkok Post

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top