ဉီးနှောက်အကျိတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ အဆိုတော် တွမ်ပါခ်ကာ

30-2-2022-yyl19.jpg

The Wanted အမျိုးသားအဆိုအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ တွမ် ပါခ်ကာ (Tom Parker) ဟာ ဉီးနှောက်အကျိတ်ကင်ဆာခံစားနေရကြောင်း ပရိသတ်တွေကို အသိပေးပြီး ၂ နှစ် မပြည့်ခင်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ သူ သေဆုံးချိန် အသက် ၃၃ နှစ်ရှိပါပြီ။

ပါခ်ကာရဲ့ဇနီး ကဲလ်ဆေး ဟဒ်ဝစ်ခ် (Kelsey Hardwick) နဲ့ သူ့ရဲ့အဖွဲ့သားတွေက သူ့ရဲ့သေဆုံးသွားတယ်ဆိုတာကို ဗုဒ္ဓဟူးနေ့က အင်စတာဂရမ်ပို့စ်နဲ့ အတည်ပြုပေးခဲ့ပါတယ်။ အဆိုတော်က သူ့မိသားစုနဲ့သူ့ရဲ့အဖွဲ့သားတွေ ဝိုင်းဖွဲ့နေတဲ့ ဒီနေ့ နေ့လယ်စာစားချိန်မှာငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ပါတယ်လို့ The Wanted က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ The Wanted အဖွဲ့သားက ပါခ်ကာကို သူတို့ရဲ့အစ်ကိုလို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။

“ကျွန်မတို့ရဲ့နှလုံးသားတွေ ကွဲကြေနေပါတယ်။ တွမ်က ကျွန်မတို့ကမ္ဘာကြီးရဲ့အလယ်ဗဟိုမှာ ရှိခဲ့တာပါ။ သူ့ရဲ့ကူးစက်တတ်တဲ့အပြုံးတွေမရှိတဲ့၊ သူမရှိတဲ့ ဘဝကို စိတ်ကူးကြည့်လို့တောင်မရပါဘူး” လို့ ကဲလ်ဆေးက ကလေး (၂) ယောက်နဲ့အတူရိုက်ထားတဲ့ သူတို့မိသားစုပုံနဲ့အတူ အင်စတာဂရမ်ပို့စ်မှာ ပြောခဲ့ပါတယ်။

၂၀၂၀ခုနှစ် အောက်တိုဘာလက ပါခ်ကာဟာ ပြင်းထန်တဲ့ဉီးနှောက်အကျိတ်ကင်ဆာအမျိုးအစားဖြစ်တဲ့ အဆင့် ၄ Glioblastoma ကင်ဆာရောဂါကို ခံစားနေရတယ်ဆိုတာကို ကြေညာခဲ့ပါတယ်။ သတိမေ့မြောတာ (၂) ကြိမ်လောက် ကြုံတွေ့ပြီးတဲ့နောက်မှာ ဉီးနှောက်အကျိတ်ကင်ဆာရှိတယ်ဆိုတာ သိခဲ့ရတာပါ။ ၂၀၂၁ခုနှစ် ဇန်နဝါရီလတုန်းကတော့ ဉီးနှောက်အကျိတ်ရဲ့အရွယ်အစားက သိသိသာသာလျော့ကျသွားခဲ့တယ်လို့ ပါခ်ကာက ပြောခဲ့ပါသေးတယ်။

ပါခ်ကာက ၂၀၁၁ခုနှစ်ရဲ့ “Glad You Came” သီချင်းနဲ့ လူသိများတဲ့ The Wanted အဖွဲ့ရဲ့အဆိုတော်တွေထဲက တစ်ဉီးပါ။ မကြာသေးခင်က သူတို့အဖွဲ့က Reunion Tour အကြောင်းနဲ့ အကျော်အကြားဆုံးအယ်လ်ဘမ်အကြောင်း ကြေညာခဲ့ပါတယ်။ UK က ရှိုးတစ်ခုမှာလည်း ပါခ်ကာက ဝှီးချဲမှာထိုင်ပြီး သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ စင်ပေါ်မှာ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

အခုနှစ်မတ်လအစောပိုင်းမှာ ပါခ်ကာက ဇူလိုင်လမှာ ထုတ်ဝေဖို့ စီစဉ်ထားတဲ့ “ဘယ်အခြေအနေမှာမဆို မျှော်လင့်ချက်ရှာဖွေခြင်းအကြောင်း” စာအုပ်တစ်အုပ်ကို ရေးသားထားတယ်လို့ ကြေညာခဲ့ပါတယ်။

Ref: CNN “Tom Parker, The Wanted singer, has died at 33”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top